Wednesday, December 6, 2017

ယော ဆရာတော်ကြီး



   ဘုရား ကိုးကွယ်ခြင်းအကျိုး
♣♣♣♣♣♣♣♣♣♣

   ဘုရား ကိုးကွယ်ခြင်းကြောင့် (၄) မျိုးသော အကျိုးကို ရစေသည်။

   (၁) ဘုရားသည် ဉာဏ်အကောင်းဆုံးဖြစ်သောကြောင့်
ယုံကြည်ကိုးကွယ်ဆည်းကပ် အာရုံပြုသူမှာလည်း
နောင်ဘဝအထိ မစောင့်၊ ယခုပစ္စုပ္ပန်ဘဝမှာပင်
ဉာဏ်ကြီး စေပါတယ်။

   (၂) ဘုရားသည် အပူခပ်သိမ်းငြိမ်းပြီးပြီဖြစ်သောကြောင့်
အန္တရာယ်ခပ်သိမ်း လွတ်ငြိမ်းပြီးပြီဖြစ်သောကြောင့်
ဘုရားဂုဏ် အာရုံပြုသူအားလုံး (စိတ်သန့်စင်သူအားလုံး) မှာလည်း
အပူမျိုးစုံ၊ အနှောက်အယှက်မျိုးစုံ ကင်းစေပါသည်။

   (၃) ဘုရားသည် တန်ခိုးအရှိန်အဝါအကြီးဆုံးဖြစ်သောကြောင့်
ဘုရား ကိုးကွယ်သူများလည်း
တန်ခိုးအရှိန်အဝါကြီးသည်၊ အကြံအစည်ကောင်းများ
အောင်မြင်သည်။

   (၄) ဘုရားသည် ရုပ်အဆင်း အသပ္ပါယ်ဆုံး၊ အလှဆုံး၊
ကျက်သရေအရှိဆုံးဖြစ်သောကြောင့်
ဘုရားဂုဏ်တော်ပွားသူ၊ ကိုးကွယ်သူတွေမှာလည်း
ရုပ်ရည်လှပ၍ ဂုဏ်ကျက်သရေမျိုးစုံတိုးကာ
အေးချမ်းခြင်းအကျိုး ရရှိနိုင်ကြပါသည်။


တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး
(သြဝါဒပဒေသာ မှ)

myooomg303.blogspot.com

No comments:

Post a Comment