Tuesday, February 27, 2018

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



   စိတ်ကောင်းရှိဖို့ ပထမ
♠♠♠♠♠♠♠♠♠♠♠♠♠

မဟာဂန္ဓာရုံဆရာတော်ကြီးက
`စိတ်ကောင်းရှိဖို့ ပထမ` လို့ ပြောတာ။
ဘုရားတရားတော်နဲ့ အညီပဲ။
ဒီစကားလုံးလေးက
အလွန်ထိရောက်တဲ့ စကားလုံးပဲ။
အိမ်တိုင်း အိမ်တိုင်းမှာ
ရေးထားဖို့ ကောင်းတယ်။
မိသားစုတွေ
စိတ်ကောင်းရှိဖို့က ပထမ။
တို့အိမ်မှာ ထမင်းစားရဖို့က
ပထမ မဟုတ်ဘူး။
စိတ်ကောင်းရှိဖို့က ပထမ။
ဒီလို ရေးမှ ဖြစ်မှာ။
စိတ်ကောင်းရှိမှ ကျန်တာတွေ
အခြေအနေ ကောင်းလိမ့်မယ်။
စိတ်ကောင်းမရှိဘူးဆိုရင်
ကျန်တာတွေ အခြေအနေကောင်းဖို့
သိပ်မရှိဘူးတဲ့ …..။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(စိတ်ကောင်းရှိဖို့ ပထမ တရားတော်မှ)

myooomg303.blogspot.com