Tuesday, April 17, 2018

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ


မြန်မာနှစ်သစ်ကူး သြဝါဒ
♦♦♦♦♦♦♦♦♦♦♦♦

၁၃၈၀ ပြည့် မြန်မာနှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်ဖြင့် ဘဝသစ်ကို
ဖော်ဆောင်နိုင်ဖို့ လူတိုင်း ကြိုးစားသင့်ပါသည်။
ယခင်နှစ်ဟောင်းမှ မကောင်းသော အကျင့်များကို ပယ်ရှားခြင်း၊
ကောင်းသော အကျင့်စရိုက်များကို လိုက်နာခြင်းဖြင့်
ဘဝသစ်ကို ဖန်တီးနိုင်ပါသည်။

ဘဝသစ်ကို ဖန်တီးနိုင်ရန် မြတ်ဗုဒ္ဓ၏ သလ္လေခကျင့်စဉ်နှင့်အညီ
ယခုလို အဓိဋ္ဌာန်ပြုပါ …..

၁။ ငါသည် သူတစ်ပါးပျက်စီးအောင် လုပ်တတ်သူ မဖြစ်စေရ၊
   သူတစ်ပါး၏ ကြီးပွားမှုကို လိုလားသူသာ ဖြစ်စေရမည်။

၂။ ငါသည် သူတစ်ပါး၏ အောင်မြင်မှုကို မနာလိုသူ မဖြစ်စေရ၊
   ဝမ်းသာနိုင်သူသာ ဖြစ်စေရမည်။

၃။ ငါသည် လူအများကို လှည့်စားဟန်ဆောင်တတ်သူ မဖြစ်စေရ၊
   ဟန်ဆောင်မှုကင်း ရိုးသားပွင့်လင်းသူသာ ဖြစ်စေရမည်။


ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(ကြေးမုံ သတင်းစာ ၁၈.၀၄.၂၀၁၈)