အစာအိမ်နဲ့ ကျန်တဲ့ ကလီစာတွေ အငြင်းပွားခြင်း
---------------------------------------------------------
အင်္ဂလိပ်ဖတ်စာတစ်အုပ်က လူ့ခန္ဓာကိုယ်မှာ ကလီစာတို့ရဲ့ရန်ပွဲဆိုတာလေးကို
မှတ်သားစရာလေးအနေနဲ့ ပြောချင်ပါတယ်။
ခေါင်းစီးကတော့ အစာအိမ်နဲ့ ကျန်တဲ့ ကလီစာတွေ အငြင်းပွားခြင်း တဲ့။ လူ့ခန္ဓာကိုယ်ထဲမှာ
အငြင်းပွားတာ၊ အငြင်းပွားရင် ဘာဖြစ်သလဲဆိုတာကို ပြတာ။ အားလုံးသိတဲ့အတိုင်းပဲ။
လူတွေဟာ နေ့စဉ်နေ့တိုင်းစားကြတယ်။ တန်ဖိုးကြီးကြီးပေးပြီးတော့ စားကြတယ်၊ သောက်ကြတယ်၊
စားသမျှတွေ ဘယ်ရောက်သွားသလဲ ဆိုတော့ အစာအိမ်ထဲ ရောက်သွားတယ်။
အားလုံးဟာ လူတွေစားတာ အစာအိမ်ထဲ ရောက်သွားတာ။ အဲဒီစားဖို့ အစာတွေကို
ဘယ်သူကကြည့်ပေးတာတုန်းဆိုတော့ မျက်စိက ကြည့်ပေးတာ။ ဘယ်သူကယူပေးတာတုန်းဆိုတော့
လက်က ယူပေးတာ။ အဲဒီအစာရှိတဲ့နေရာကို ရောက်အောင်သွားတာ ဘယ်သူတုန်းဆိုတော့ ခြေထောက်။
အဲဒါအကျိုးတူ ပူပေါင်းမလုပ်ဘဲနဲ့ သဘောထားတွေ ကွက်လာရင် ဘယ်လိုဖြစ်မလဲ။
မျက်စိတို့ ခြေထောက်တို့၊ လက်တို့က အတွေးတစ်မျိုးပေါ်လာတယ်။ မျက်စိက ဘယ်နေရာအစာရှိတယ်ဆိုတာ
ငါ ကြည့်ပေးရတယ်။ ပြီးတော့ ငါလည်း မစားရဘူး၊ ခြေထောက်ကလည်း အစာအဟာရရှိတဲ့နေရာ ငါက
သွားပေးရတယ်၊ သွားသာသွားရတာ ငါလည်း မစားရဘူး၊ လက်ကလည်းပဲ အစားအစာတွေ ငါက ယူပေးရတယ်။
ဒါပေမဲ့ ငါ့ဆီမှာ တစ်ခုမှမရှိဘူး၊ အားလုံးထဲမှာ အစာအိမ်ဆိုတဲ့အကောင်က လက်ဝါးကြီးအုပ်သွားတာ။ သူထဲချည်း
အကုန်ရောက်သွားတယ်။ ပုံပြင်လေးတစ်ခုပေါ့။ အဲဒီလိုလုပ်ပြီးတော့ မကျေနပ်ဘူး။ အစာအိမ် လူပါးဝတယ်။
မကျေနပ်ဘူး၊ ခြေထောက်ကလည်း ဆန္ဒပြတယ်။ အစာရှိတဲ့ဆီ သွားမပေးဘူး၊ မျက်လုံးကလည်း ကြည့်မပေးတော့ဘူး။
လက်ကလည်း ယူမပေးဘူး။ သူတို့က ဖြတ်လေးဖြတ်နဲ့ ဖြတ်လိုက်ကြတာ။ တစ်ရက်၊ နှစ်ရက်၊ သုံးရက် တစ်ပတ်
ကျော်လာတဲ့အခါ ဘာဖြစ်လာတုန်းဆိုတော့ အစာအိမ်ထဲ အစာမရောက်တော့ လက်ကလည်း မသယ်ချင်တော့ဘူး။
အားတွေပြတ်လာပြီ။ ခြေထောက်ကလည်း မကြွနိုင်တော့ဘူး။ မျက်စိကလည်း မလန်းဆန်းတော့ဘူး။ အဲဒီကျတော့မှ
သူတို့ အသိတရားဝင်လာတယ်။ သူ့ဆီရောက်တာဟာ ငါ့တို့အတွက်ပါလားလို့ဆိုပြီး သဘောပေါက်သွားတယ်။
ဒါက မှတ်သားစရာ အလွန်ကောင်းတယ်။
ဥပမာတစ်ခု မြန်မာပြည်မှာ ကုမ္ပဏီတွေလုပ်တယ်။ ကုမ္ပဏီဝန်ထမ်းနဲ့ ကုမ္ပဏီပိုင်ရှင် ဆိုပါစို့၊ အရင်အနှီးထုတ်တဲ့
ကုမ္ပဏီပိုင်ရှင်ကို ဝန်ထမ်းတွေက ငါတို့က လုပ်ရတယ်၊ နေ့ရော ညရော၊ ငါတို့လုပ်လို့ရသမျှ ငွေကြေးအမြတ်တွေက
သူတို့ချည်းပဲ ယူတယ်ဆိုတဲ့ ဒီအမြင်မျိုး မြင်လာပြီဆိုလို့ရှိရင် ကုမ္ပဏီဝန်ထမ်းတွေက မလုပ်တော့ဘူး။ မလုပ်တော့
ကုမ္ပဏီပိုင်ရှင်ကလည်း ငွေကြေးမရဘူး။ ဘယ်သူ့ကိုထိခိုက်တုန်းဆိုတော့ ကုမ္ပဏီပိုင်ရှင်က ဝန်ထမ်းတွေမရှိတဲ့အခါ
ကုမ္ပဏီကို ပတ်လိုက်ရော။ ပိတ်လိုက်တော့ နံပါတ်တစ်ထိတာ ဘယ်သူတုန်းဆိုတော့ ဝန်ထမ်းတွေ စာဝတ်နေရေး
ဒုက္ခရောက်သွားတယ်။ အဒြီတော့ ကုမ္ပဏီငွေကြေးဓနရင်းနှီးထားတဲ့ ကုမ္ပဏီပိုင်ရှင်ကြောင့် ငါတို့ဟာ နေ့စဉ်
စားဝတ်နေရေး ပြေလည်နေတယ်ဆိုပြီး ကျေးဇူးတင်ရမှာ။ နှစ်ဦးနှစ်ဖက် အကျိုးတူပူပေါင်းပါမှ လုပ်ငန်းတစ်ခုက၊
အောင်မြင်တယ်ဆိုတာ ထင်ရှားတာပေါ့။ အဒြီလိုပူပေါင်းဆောင်ရွက်နိုင်ဖို့ရာ အင်မတန်အရေးကြီးတယ်။
အဲလို လူ့ခန္ဓာကိုယ်မှာ အခုလို ကလီစာတွေ ရန်ဖြစ်သလို လူ့အဖွဲအစည်းထဲက လုပ်ငန်းတွေမှာလည်းပဲ အဆင်မပြေဘူး၊
အတွေးတွေလွဲမှားတယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ပျက်ဆီးသွားနိုင်တယ်။
အရေးကြီးဆုံးက နိဂုံးချုပ်အနေနဲ့ ဘုန်းကြီးတို့ သတိပေးချင်တာက Auto Immune Disease ဒီရောဂါ မစွဲကပ်ဖို့ဘဲ။
လူ့အဖွဲ့အစည်းထဲမှာ Auto Immune Disease ဆိုတာ ဘာကိုပြောတာတုန်းဆိုတော့ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာကိုယ်ထဲက
ဆဲလ်တွေ၊ ကိုယ့်ခန္ဓာကိုယ်ထဲက အင်အားစွမ်းရည်တွေဟာ မှောက်မှောက်မှားမှားဖြစ်ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ပြီး
တိုက်ခိုက်တဲ့ရောဂါမျိုး၊ အဲဒါ Auto Immune Disease ရောဂါလို့ခေါ်တယ်။ ကိုယ့်ခန္ဓာကိုယ် ပြန်ပြီးတော့ ဆိုလိုတာက
ကိုယ့်တပ်ကို ပြန်ပြီးတော့ နင်းမိတဲ့ဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့နော်။ ဒီရောဂါက ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဒုက္ခပေးတာ။
တိုက်ရမှာက အပြင်ဘက်က ဝင်လာတဲ့ ဗိုင်းရပ်စ်တို့ ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ပိုးမွှားတွေကို တိုက်ရမယ့်အစား
ကိုယ့်ခန္ဓာကိုယ် ပြန်တိုက်တယ်။ ပြန်တိုက်တော့ ခန္ဓာကိုယ်ထဲမှာ ရောဂါရတယ်။ အဲဒီရောဂါမျိုး မြန်မာနိုင်ငံရဲ့
လူ့အဖွဲ့အစည်းထဲမှာ မဖြစ်ပါစေနဲ့လို့ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း Auto Immune Disease နော်။
ကိုယ့်အချင်းချင်း ပြန်တိုက်တဲ့ရောဂါမျိုးတွေ မဖြစ်ဘဲနဲ့ အချင်းချင်းညီညွှတ်စေ့စပ်စွာ အကျိုးတူ စိတ်ထားဖြူဖြူထားပြီး
လုပ်ဆောင်ကြရမှာ။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ရဲ့ အဆုံးအမအတိုင်း အခု ပြောတဲ့စကားတွေဟာ ကိုးကားတာ
အကုန်လုံး ပိဋကတ်တော်ကများပါတယ်။ ဥပမာလေးတစ်ခုပဲ ဖတ်စာထဲက ပြောတာ။
အဲဒီတော့ ဓဝိဝါဓံ ဘယတော ဒိသွာ အဝိဝါတစ္စ ခေမတော သမဂ္ဂါ သခိလာ ဟောထ ဧသာ ဗုဒ္ဓါ နုဿာသတိဓ
ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ မှီတင်းနေထိုင်ကြတဲ့ ရဟန်းရှင်လူပြည်သူပြည်သားအားလုံးကို
ဆန့်ကျင်ဘက်စကားပြောခြင်းဟာ၊ မတူညီတဲ့ ဆန့်ကျင်ဘက်စကားတွေကို ပြောနေခြင်းဟာ အန္တရာယ်ကြီးတစ်ခု ဖြစ်ပါတယ်။
ညီညွှတ်စေ့စပ်တဲ့ စကားပြောခြင်းဟာ ငြိမ်းချမ်းသာယာမှုအတွက် အထောက်အကူ ဖြစ်ပါတယ်။ ဒါကြောင့် ညီညွှတ်ခြင်း၊
ပေါင်းစည်းခြင်း၊ ပြေလည်ခြင်းဆိုတဲ့ အနေအထားတွေနဲ့ မိမိတို့ နေ့စဉ်ဘဝ လုပ်သင့်လုပ်ထိုက်တာတွေကို အမြင်မတူပေမယ့်
စိတ်ထားဖြူစင်ပြီး အကျိုးတူပူးပေါင်းပြီး ဆောင်ရွက်ကြပါလို့ မြတ်စွာဘုရားရဲ့ အဆုံးအမအတိုင်း
ရည်ညွှန်းပြီးတော့ တိုက်တွန်းခြင်းဖြစ်ပါတယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
( တိုင်းရေးပြည်ရေး မျှော်တွေးခြင်းအကြောင်း တရားတော်မှ)
first weekly ဂျာနယ်
bwar99.blogspot.com
သာသနာ့ဥေသွ်ာင္ဆရာေတာ္ဘုရားႀကီးမ်ား၏ ၾသဝါဒရတနာမ်ား
Tuesday, February 18, 2020
Monday, December 30, 2019
၂၀၂၀ နှစ်သစ်ဆုတောင်း
#၂၀၂၀ နှစ်သစ်ဆုတောင်း
ပြည်တောင်စုဖွား မြန်မာနိုင်ငံသား
မျိုးနွယ်စုအားလုံးဟာ
ချမ်းသာသုခကို မြတ်နိုးကြပြီး၊
ငြိမ်းချမ်းစွာ
နေထိုင်လိုကြသူများဖြစ်ကြတယ်။
သို့ရာတွင်
ယနေ့တိုင်
လိုအင်ဆန္ဒ
အပြည့်အဝ မရရှိကြသေးသည်မှာ …
သတိသံပဇဉ်ညတရား
အားနည်းနေခြင်းကြောင့်သာဖြစ်တယ်။
သတိသံပဇဉ်ညကို
တိုးမြှင့်လေ့ကျင့်ပြီး
မလုပ်သင့်တာကို
ရှောင်၊ လုပ်သင့်တာကို
အကောင်းဆုံးဖြစ်အောင်
လုပ်ဆောင်ကြရပါမယ်။
သို့မှသာ မိမိတို့မျှော်လင့်ထားတဲ့
ချမ်းသာသုခနဲ့
ငြိမ်းချမ်းမှုကို
ရရှိနိုင်ကြမှာဖြစ်တယ်။
မလုပ်သင့်တာတွေ
လုပ်နေသမျှ
လုပ်သင့်တာတွေ
မလုပ်သေးသမျှ …
မည်သူတစ်ဦးတစ်ယောက်မှ
ချမ်းသာသုခကိုမရနိုင်ပါ။
မလုပ်သင့်တာတွေ
လုပ်နေသမျှ
ဆိုးကျိုးနှင့်သာ
ကြုံတွေ့ကြရမှာဖြစ်ပြီး
လုပ်သင့်တာတွေကို
မလုပ်သေးသမျှ …
ကောင်းကျိုး
ချမ်းသာက
ဝေးကွာနေဦးမှာသာဖြစ်တယ်။
ဒါကြောင့်
နိုင်ငံတကာနှစ်သစ်ကူး
၂၀၂၀ ပြည့်နှစ်
နှစ်ဦးကာလမှ
အစပြု၍
သတိသံပဇဉ်ညတရား
လက်ကိုင်ထားကာ …
အတ္တအကျိုး၊
ပရအကျိုး၊
နိုင်ငံအကျိုး
ပွားတိုးအောင် ဆောင်ရွက်ကြပါလို့
မေတ္တာပြုတိုက်တွန်းအပ်ပါတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
bwar99.blogspot.com
Sunday, November 10, 2019
တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့
တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့
*************************************************
*************************************************
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်
"သာမညဖလသုတ္တန်" တရားတော်ကို ဟောကြားတော်မူသည်။
ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့အဖြစ်
သတ်မှတ်ကျင်းပခဲ့ကြသည်။ "သာမညဖလ"၏ အဓိပ္ပါယ်မှာ ရဟန်းပြုရခြင်း၏
အကျိုးဟု အဓိပ္ပါယ်ရသည်။ ရဟန်းပြုရခြင်းအကျိုးကို၊ ဟောကြားသောနေ့ဖြစ်ခြင်းကြောင့်
တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။
သာမညဖလ သုတ်တော်သည် ဒီဃနိကယ်၊ သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာများအတွက် ကြေးမုံမှန်ချပ်ကြီးဖြစ်၏။
ကိုယ်ကျင့်သီလ ရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။
သာမညဖလ သုတ်သည် အလှူ့ဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။
သာမညဖလသုတ်တော်သည် ရဟန်းသံဃာများအတွက် ကြေးမုံမှန်ချပ်ကြီးဖြစ်၏။
ကိုယ်ကျင့်သီလ ရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။
သာမညဖလ သုတ်သည် အလှူ့ဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။
မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ်၊ မဟုတ် မှန်၊ မမှန်ကို
ဤသုတ္တန်ဖြင့် ကိုက်ကြည့်နိုင်သည်။
ဤသုတ္တန်ဖြင့် ကိုက်ကြည့်နိုင်သည်။
အဇာတသတ်မင်းသားသည် အသိဉာဏ် နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏
စည်းရုံးမှုကို ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိပေသည်။
ကုန်ရှူံးတော့ တစ်ခေါက်၊ ဆရာကုန်မှားတော့ တစ်သံသရာလုံး မှောက်ဆိုသည့်အတိုင်း
ဆရာတင်မှားမှုကြောင့် ဖခင် ဗမ္ဗိသာရကို သတ်မိသည့်အထိ အမှားကြီးမှားခဲ့၏။
ဆင်းတု၊ စေတီဟောတရားတွေ၊ စသည့် ကိုးကွယ်မှုတွေ များပြားဖောင်းပွလွန်းသော
ယခုလိုခေတ်ကြီးတွင် ကိုးကွယ်မှုများ ဖောင်းပွလျှင် ကုသိုလ်တရားဘက်က
ကြုံသွား၊ ကျစ်သွားတတ်သည်ကို သတိပြုရမည်။

အဇာတသတ်သည်၊ ဖခင်ကို သတ်မိသည့်အချိန်မှ စ၍ ညတိုင်းအိပ်မပျော်သော
ရောဂါဝေဒနာ စွဲကပ်လာ၏။ သူ့မျက်လုံးကို လှံချက်ပေါင်း၊ အရာထောင်သောင်းမက
ထိုးဆွခြင်းခံရသလို ဝေဒနာခံစားရသည်။ ထိုဝေဒနာပျောက်ကင်းအောင်၊ မည်သည့်သမားတော်၊
မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။ မှူးမတ်ပေါင်းစုံညီစွာ ညီလာခံသဘင်
ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းဖြူတိမ်သူရိန်မီးခိုး၊ ညစ်မျိုးငါးဝ၊ ကင်းစင်ပသဖြင့်
ကြည်နူးသာယာဖွယ် ကောင်းလှသဖြင့် တန်ဆောင်းမုန်းညအလှကို ကြည့်ရှုခံစားပြီး
မွေ့လျှော်ဖွယ်ကောင်းလှသော ညတစ်ညပါလားဟု တန်ဆောင်မုန်းလပြည့် ညအလှကို
ချီးကျူး၏။ အဇာတသတ်သည်လည်း အလှအပကို ခံစားတတ်သူဖြစ်လေသည်။

အဇာတသတ်မင်းက ယခုကဲ့သို့ သာယာလှပသော ညချမ်းမှာ အဘယ်ပညာရှိ၊
ပုဏ္ဏားတို့ကို ချည်းကပ်ရလျှင် ကိုယ်တော်မြတ် ကြည်လင်နိုင်မည်နည်းဟု
မေးသောအခါ မှူးကြီးမတ်ကြီးတွေက သူတို့နှင့်နီးစပ်ရာတတ္ထိဆရာကြီးခြောယောက်
နာမည်တွေကို ပြောပြ၏။ ဘုရင့်အတိုင်ပင်ခံပုဂ္ဂိုလ်အများစုသည် သမာတိတ္ထိတွေ
မဟုတ်ကြဆိုသည်ကို သတိပြုမိကြသည်။

ပုရာဏ ကဿပ ဆရာကြီးက အကိရိယဝါဒ ဘာမှလုပ်စရာမလိုဟူသော
ဝါဒသမားဖြစ်သည်။ မလုပ်၊ မရှုပ်၊ မပြုတ်ဟူသော ဝါဒနှင့် တူသည်။
အဇိတကေသ၊ ကမ္ဗလဆရာကြီးက နတ္ထိကဝါဒ - ဘာမျှမရှိဟူသော
ဝါဒသမားဖွစျ၏။
မက္ခိလ ဂေါသာလဆရာကြီးက အဟေတုကဝါဒ - ကြောင်းကျိုးပယ်
ဝါဒသမားဖြစ်သည်။
ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ - မပြုမပြင်
ဝါဒသမားဖွစျ၏။
သဉ္စယဗေလဋ္ဌ ဆရာကြီးက အမရာဝိက္ခေပဝါဒ - စောင့်စည်းမှု (၄) မျိုးဖြင့်
ကံသုံးပါးကို ထိန်းသော ဂျိန်းဝါဒဖြစ်ပါသည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံပဲ ဆရာဇီဝကကို
မေးတော်မူရာ ဆရာဇီဝက အကြံပေးချက်အရ ဘုရားရှင်ထံ ရောက်ရှိလေသည်။
ဆရာဇီဝကက ဘုရင့်အနီးတွင် ယောကျ်ား ကိုယ်ရံတော်တစ်ယောက်မှ မထားရှိပါဘဲ
အမျိုးသမီး ကိုယ်ရံတော်တပ်ကို ယောကျ်ားအသွင်ဝတ်ဆင်စေပြီး အမျိုးသမီးစစ်သည်တော်
ငါးရာကို လိုက်ပါစေပြီး ဘုရားကျောင်းတော်သို့ သွားခဲ့သည်။

အဇာတသတ်မင်း ဘုရားထံ ဖူးမြော်ရန်သွားသောအချိန်သည် တန်ဆောင်မုန်းလပြည့်နေ့
ညချမ်းအချိန် ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုဟ်မြို့အနီး ဇီဝကသရက်ဥယျာဉ်၌
သီတင်းသုံးလျက်ရှိသည်။ ဘုရားကျောင်းတော်သို့သွားသောအခါ ညအခါ ဖြစ်သည်တကြောင်း၊
တောရိပ်၊ သစိရိပ် ဖုံးအုပ်နေသဖြင့် အမှောင်ဖုံးနေသည်က တကြောင်း၊ ထိုနှစ်ချက်ကြောင့်
လိုက်ပါလာသူအားလုံး မီးရှုးမီးတိုင် ကိုယ်တိုင်ထွန်းညှိပြီး သွားကြရသည်။ မီးရှုးမီးတိုင်ကို
ပေါရာဏ၊ ဝေါဟာရအားဖြင့် တန်ဆောင် (တန်ဆောင်တိုင်) ဟု ခေါ်ဝေါ်၏။

အဇာတသတ်နှင့် နောက်ပါအခြံအရံကို တန်ဆောင်မုန်းလပြည့်ည တန်ဆောင်တိုင်မီးထွန်းပွဲ
ကျင်းပသကဲ့သို့ ဖြစ်နေ၏။ အဇာတသတ်မင်းက ဘုရားရှင်ထံ ခွင့်ပန်ကာ သိလိုသမျှတို့ မေးလေ၏။
ကျင်းပသကဲ့သို့ ဖြစ်နေ၏။ အဇာတသတ်မင်းက ဘုရားရှင်ထံ ခွင့်ပန်ကာ သိလိုသမျှတို့ မေးလေ၏။
ရှင်တော်မြတ်ဘုရား … လောကမှာ အတတ်ကြီး (၁၈) ဆယ့်ရှစ်ရပ် စသော အတတ်ပညာတို့သည်
မျက်မှောက်လက်ငင်းအကျိုးတရားတို့ ခံစားနိုင်ပါသည်။ ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း
အကျိုးတရားကို ခံစားနိုင်ပါသလားဘုရား၊ တတ္ထိဆရာကြီး (၆) ဦးကို မေးဖူးပါသည်။ သူတို့အားလုံးက
ဝေ့လည်ချောင်ပတ်နှင့် ရှင်းလင်းအောင် မဖြေကြားနိုင်ပါဘုရား ဟု သာမညဖလရဟန်းပြုခြင်း၏
မျက်မှောက်လက်ငင်းအကျိုးတရားကို မေးလျောက်လေသည်။ ဘုရားရှင်အဖြေကို တင်ပြရပါလျှင် …

ချစ်သားတို့ … ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်းရနိုင်သော အကျိုးတရားတို့မှာ ---
၁။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်းအကျိုး။
၂။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရသောအကျိုး။
၃။ ပါတိမောက္ခသံဝရ သီလနှင့်ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းလွတ်ရခြင်းအကျိုး။
၄။ ဒုစရိုက်တရားကို ရှောင်ကြဉ်သဖြင့် ဒုစရိုက်၊ ဒုက္ခမှကင်းလွတ်၍ စူဠသီလနှင့်ပြည့်စုံရခြင်းအကျိုး။
၅။ ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲအမျိုးမျိုး၊ မကောင်းသော ကစားနည်းအမျိုးမျိုးမှ
ရှောင်ကြဉ်သဖြင့် ထိုဒုက္ခတွေမှကင်းလွတ်၍ မဇ္ဈမသီလဖြင့် ပြည့်စုံရခြင်းအကျိုး။
၆။ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ ဆေးကုပေးခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခတွေမှ
ကင်းလွတ်၍ အာဇိဝပါရိ သုဒ္ဓိသီလနှင့် ညီညွှတ်ကာ မဟာသီလနှင့်ပြည့်စုံခြင်းအကျိုး။
၇။ ဣနြေ (၆)ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်းအကျိုး။
၈။ သတိနှင့် ပြည့်စုံခြင်းအကျိုး။
၉။ သမ္ပာဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး။
၁၀။ သန္တောသ စာဝတ်နေရေး၊ ရောင့်ရဲနိုင်ခြင်းအကျိုး။
၁၁။ နိဝရဏ ငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး။
၁၂။ ဈာန်တရား ရရှိနိုင်ခြင်းအကျိုး။
၁၃။ ဝိဇ္ဇာဉာဏ် ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုးတို့ ဖြစ်၏။

အထက်ပါအကျိုးတရားတို့သည် သာမညဖလ ခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း
ရရှိနိုင်သော အကျိုးတရားတို့ဖြစ်သည်။
ရရှိနိုင်သော အကျိုးတရားတို့ဖြစ်သည်။
အဇာတသတ်မင်းသည် သာမညဖလ တရားတော်ကို နာကြားရသည့်အတွက်
အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာမြတ်သုံးပါးအပေါ်
ယုံကြည်သက်ဝင်လာလေသည်။ ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်အဖြစ်
ဧကဒင်္ဂပေး မှတ်တမ်းတင်ခြင်းခံရသည်။ ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ မကျတော့ဘဲ
ဒုက္ခပေါ့ပါးသော လောဟကုမ္ဗိငရဲ သာ ခံစား၍ နောင်အနာဂါတ်ကာလတွင် ဝိဇီတာဝီ
အမည်ဖြင့် ပစ္စေကဗုဒ္ဓါတစ်ပါးဖြစ်ရမည်။

အဇာတသတ်မင်းသည် ပထမသံဃာယနာတင်ဒကာအဖြစ် ခံယူရ၏။ ဘုရားရှင်၏
ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားကိုးကွယ်ခဲ့သည်။
ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားကိုးကွယ်ခဲ့သည်။
ဗုဒ္ဓသာသနာနှစ်ကို ကျကျနနသတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို
အတိအကျသုံးစွဲခွင့်ရနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးပင်ဖြစ်သည်။ နောင်အခါတွင်
သီရိဓမ္မာသောကမင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်းထားသော ဓာတ်တော်များကို
ရှာဖွေ၍ စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထားကိုးကွယ်သာသနာပြုခဲ့သောကြာင့်
နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များ သာသနာ နေ လို လ လို ဘုန်းမီးနေလတောက်ရောင်ခဲ့လျက်
လှပဝေဆာ ပြည်မြန်မာတွင် အစဉ်ရိုကျိုး သဒ္ဓါမိုးဆွေ၊ ရှစ်ခိုးကန်တော့ဖူးမြော်နေရခြင်းပင်
ဖြစ်ပါတော့သတည်း။

မျှဝေပေးပို့သော (ဆရာတော် အရှင်သံဝရာလင်္ကာရဓမ္မပိယ) အား ကျွန်ုပ်သည် ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှစ်ခိုးကန်တော့ပါ၏ဘုရား။
မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီများအနက် တန်ဆောင်မုန်းလတွင် ကျင်းပသော
ပွဲတော်များမှာ --
တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်
ပူဇော်ပွဲတော်၊ ဆေးဖက်ဝင်၊ မဲဇလီဖူးသုပ် ဝေငှသော ဆေးကျူးပွဲတော်၊ ကျီးမနိုးပွဲတော်များ
ဖြစ်သည်။
တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့အကြောင်းကို သိကြစေရန်
စိတ်ရည်သန်လျက် ရိုးသားကြိုးစားရှာဖွေဖော်ထုတ်၍ သာသနာပြုလိုက်ပါတော့သတည်း။
သီတဂူဆန်းလပမာ ချမ်းမြေသာယာကြပါစေ။
စိတ်ရည်သန်လျက် ရိုးသားကြိုးစားရှာဖွေဖော်ထုတ်၍ သာသနာပြုလိုက်ပါတော့သတည်း။
သီတဂူဆန်းလပမာ ချမ်းမြေသာယာကြပါစေ။
သဗ္ဗေ ဓမ္မာ အနတ္တာ
ဆရာဝင်းသူအောင် (ဥက္ကလာ)
(ဇမ္ဗူဒိပ်ဂျာနယ်)
#zawgyi
တန္ေဆာင္မုန္းလျပည့္ သာမညဖလအခါေတာ္ေန႔
*************************************************
ဘုရားရွင္သည္ အဇာတသတ္မင္းအား တန္ေဆာင္မုန္းလျပည့္ေန႔တြင္
"သာမညဖလသုတၱန္" တရားေတာ္ကို ေဟာၾကားေတာ္မူသည္။
ထို႔ေၾကာင့္ တန္ေဆာင္မုန္းလျပည့္ေန႔ကို သာမညဖလ အခါေတာ္ေန႔အျဖစ္
သတ္မွတ္က်င္းပခဲ့ၾကသည္။ "သာမညဖလ"၏ အဓိပၸါယ္မွာ ရဟန္းျပဳရျခင္း၏
အက်ိဳးဟု အဓိပၸါယ္ရသည္။ ရဟန္းျပဳရျခင္းအက်ိဳးကို၊ ေဟာၾကားေသာေန႔ျဖစ္ျခင္းေၾကာင့္
တန္ေဆာင္မုန္းလျပည့္ေန႔ကို သံဃာေတာ္မ်ားေန႔ဟု ေခၚဆိုလွ်င္လည္း ရႏိုင္သည္။
သာမညဖလ သုတ္ေတာ္သည္ ဒီဃနိကယ္၊ သီလခႏၶဝဂၢပါဠိေတာ္၌ လာရွိသည္။
သာမညဖလသုတ္ေတာ္သည္ ရဟန္းသံဃာမ်ားအတြက္ ေၾကးမုံမွန္ခ်ပ္ႀကီးျဖစ္၏။
ကိုယ္က်င့္သီလ ရွိသည္၊ မရွိသည္ကို ဤသုတ္ျဖင့္ ထင္ဟပ္ေစႏိုင္သည္။
သာမညဖလ သုတ္သည္ အလႉ႔ဒါယကာမ်ားအတြက္ ျပဒါးခ်ိန္ႀကီးသဖြယ္ျဖစ္သည္။
မိမိတို႔ ကိုးကြယ္ေနေသာ ဆရာသမားတို႔၏ က်င့္ႀကံမႈ ဟုတ္၊ မဟုတ္ မွန္၊ မမွန္ကို
ဤသုတၱန္ျဖင့္ ကိုက္ၾကည့္ႏိုင္သည္။
အဇာတသတ္မင္းသားသည္ အသိဉာဏ္ ႏုနယ္စဥ္အခ်ိန္ အရွင္ေဒဝဒတ္၏
စည္း႐ုံးမႈကို ခံရ၍ အရွင္ေဒဝဒတ္ကို အထင္ႀကီးကာ ကိုးကြယ္ဆည္းကပ္မိေပသည္။
ကုန္ရႉံးေတာ့ တစ္ေခါက္၊ ဆရာကုန္မွားေတာ့ တစ္သံသရာလုံး ေမွာက္ဆိုသည့္အတိုင္း
ဆရာတင္မွားမႈေၾကာင့္ ဖခင္ ဗမၺိသာရကို သတ္မိသည့္အထိ အမွားႀကီးမွားခဲ့၏။
ဆင္းတု၊ ေစတီေဟာတရားေတြ၊ စသည့္ ကိုးကြယ္မႈေတြ မ်ားျပားေဖာင္းပြလြန္းေသာ
ယခုလိုေခတ္ႀကီးတြင္ ကိုးကြယ္မႈမ်ား ေဖာင္းပြလွ်င္ ကုသိုလ္တရားဘက္က
ႀကဳံသြား၊ က်စ္သြားတတ္သည္ကို သတိျပဳရမည္။
အဇာတသတ္သည္၊ ဖခင္ကို သတ္မိသည့္အခ်ိန္မွ စ၍ ညတိုင္းအိပ္မေပ်ာ္ေသာ
ေရာဂါေဝဒနာ စြဲကပ္လာ၏။ သူ႔မ်က္လုံးကို လွံခ်က္ေပါင္း၊ အရာေထာင္ေသာင္းမက
ထိုးဆြျခင္းခံရသလို ေဝဒနာခံစားရသည္။ ထိုေဝဒနာေပ်ာက္ကင္းေအာင္၊ မည္သည့္သမားေတာ္၊
မည္သည့္ေဆးစြမ္းေကာင္းမွ မစြမ္းႏိုင္ျဖစ္ေနသည္။ မႉးမတ္ေပါင္းစုံညီစြာ ညီလာခံသဘင္
ဆင္ယင္က်င္းပေနစဥ္ ဆီးႏွင္းျဖဴတိမ္သူရိန္မီးခိုး၊ ညစ္မ်ိဳးငါးဝ၊ ကင္းစင္ပသျဖင့္
ၾကည္ႏူးသာယာဖြယ္ ေကာင္းလွသျဖင့္ တန္ေဆာင္းမုန္းညအလွကို ၾကည့္ရႈခံစားၿပီး
ေမြ႕ေလွ်ာ္ဖြယ္ေကာင္းလွေသာ ညတစ္ညပါလားဟု တန္ေဆာင္မုန္းလျပည့္ ညအလွကို
ခ်ီးက်ဴး၏။ အဇာတသတ္သည္လည္း အလွအပကို ခံစားတတ္သူျဖစ္ေလသည္။
အဇာတသတ္မင္းက ယခုကဲ့သို႔ သာယာလွပေသာ ညခ်မ္းမွာ အဘယ္ပညာရွိ၊
ပုဏၰားတို႔ကို ခ်ည္းကပ္ရလွ်င္ ကိုယ္ေတာ္ျမတ္ ၾကည္လင္ႏိုင္မည္နည္းဟု
ေမးေသာအခါ မႉးႀကီးမတ္ႀကီးေတြက သူတို႔ႏွင့္နီးစပ္ရာတတၳိဆရာႀကီးေျခာေယာက္
နာမည္ေတြကို ေျပာျပ၏။ ဘုရင့္အတိုင္ပင္ခံပုဂၢိဳလ္အမ်ားစုသည္ သမာတိတၳိေတြ
မဟုတ္ၾကဆိုသည္ကို သတိျပဳမိၾကသည္။
ပုရာဏ ကႆပ ဆရာႀကီးက အကိရိယဝါဒ ဘာမွလုပ္စရာမလိုဟူေသာ
ဝါဒသမားျဖစ္သည္။ မလုပ္၊ မရႈပ္၊ မျပဳတ္ဟူေသာ ဝါဒႏွင့္ တူသည္။
အဇိတေကသ၊ ကမၺလဆရာႀကီးက နတၳိကဝါဒ - ဘာမွ်မရွိဟူေသာ
ဝါဒသမားဖြစ်၏။
မကၡိလ ေဂါသာလဆရာႀကီးက အေဟတုကဝါဒ - ေၾကာင္းက်ိဳးပယ္
ဝါဒသမားျဖစ္သည္။
ပကုဓ ကစၥာယနဆရာႀကီးက အကတဝါဒ - မျပဳမျပင္
ဝါဒသမားဖြစ်၏။
သၪၥယေဗလ႒ ဆရာႀကီးက အမရာဝိေကၡပဝါဒ - ေစာင့္စည္းမႈ (၄) မ်ိဳးျဖင့္
ကံသုံးပါးကို ထိန္းေသာ ဂ်ိန္းဝါဒျဖစ္ပါသည္။
အဇာတသတ္မင္းသည္ အမတ္ႀကီးတို႔၏ တင္ျပခ်က္ကို လက္မခံပဲ ဆရာဇီဝကကို
ေမးေတာ္မူရာ ဆရာဇီဝက အႀကံေပးခ်က္အရ ဘုရားရွင္ထံ ေရာက္ရွိေလသည္။
ဆရာဇီဝကက ဘုရင့္အနီးတြင္ ေယာက်္ား ကိုယ္ရံေတာ္တစ္ေယာက္မွ မထားရွိပါဘဲ
အမ်ိဳးသမီး ကိုယ္ရံေတာ္တပ္ကို ေယာက်္ားအသြင္ဝတ္ဆင္ေစၿပီး အမ်ိဳးသမီးစစ္သည္ေတာ္
ငါးရာကို လိုက္ပါေစၿပီး ဘုရားေက်ာင္းေတာ္သို႔ သြားခဲ့သည္။
အဇာတသတ္မင္း ဘုရားထံ ဖူးေျမာ္ရန္သြားေသာအခ်ိန္သည္ တန္ေဆာင္မုန္းလျပည့္ေန႔
ညခ်မ္းအခ်ိန္ ျဖစ္သည္။ ထိုအခ်ိန္က ဘုရားရွင္သည္ ရာဇၿဂိဳဟ္ၿမိဳ႕အနီး ဇီဝကသရက္ဥယ်ာဥ္၌
သီတင္းသုံးလ်က္ရွိသည္။ ဘုရားေက်ာင္းေတာ္သို႔သြားေသာအခါ ညအခါ ျဖစ္သည္တေၾကာင္း၊
ေတာရိပ္၊ သစိရိပ္ ဖုံးအုပ္ေနသျဖင့္ အေမွာင္ဖုံးေနသည္က တေၾကာင္း၊ ထိုႏွစ္ခ်က္ေၾကာင့္
လိုက္ပါလာသူအားလုံး မီးရႈးမီးတိုင္ ကိုယ္တိုင္ထြန္းညႇိၿပီး သြားၾကရသည္။ မီးရႈးမီးတိုင္ကို
ေပါရာဏ၊ ေဝါဟာရအားျဖင့္ တန္ေဆာင္ (တန္ေဆာင္တိုင္) ဟု ေခၚေဝၚ၏။
အဇာတသတ္ႏွင့္ ေနာက္ပါအၿခံအရံကို တန္ေဆာင္မုန္းလျပည့္ည တန္ေဆာင္တိုင္မီးထြန္းပြဲ
က်င္းပသကဲ့သို႔ ျဖစ္ေန၏။ အဇာတသတ္မင္းက ဘုရားရွင္ထံ ခြင့္ပန္ကာ သိလိုသမွ်တို႔ ေမးေလ၏။
ရွင္ေတာ္ျမတ္ဘုရား … ေလာကမွာ အတတ္ႀကီး (၁၈) ဆယ့္ရွစ္ရပ္ စေသာ အတတ္ပညာတို႔သည္
မ်က္ေမွာက္လက္ငင္းအက်ိဳးတရားတို႔ ခံစားႏိုင္ပါသည္။ ရဟန္းျပဳျခင္းျဖင့္ မ်က္ေမွာက္လက္ငင္း
အက်ိဳးတရားကို ခံစားႏိုင္ပါသလားဘုရား၊ တတၳိဆရာႀကီး (၆) ဦးကို ေမးဖူးပါသည္။ သူတို႔အားလုံးက
ေဝ့လည္ေခ်ာင္ပတ္ႏွင့္ ရွင္းလင္းေအာင္ မေျဖၾကားႏိုင္ပါဘုရား ဟု သာမညဖလရဟန္းျပဳျခင္း၏
မ်က္ေမွာက္လက္ငင္းအက်ိဳးတရားကို ေမးေလ်ာက္ေလသည္။ ဘုရားရွင္အေျဖကို တင္ျပရပါလွ်င္ …
ခ်စ္သားတို႔ … ရဟန္းျပဳျခင္းျဖင့္ မ်က္ေမွာက္လက္ငင္းရႏိုင္ေသာ အက်ိဳးတရားတို႔မွာ ---
၁။ မင္းခစားဘဝႏွင့္ မင္းျပစ္မင္းဒဏ္မွ ကင္းလြတ္ရျခင္းအက်ိဳး။
၂။ အခြန္ထမ္းေဆာင္ျခင္းမွ ကင္းလြတ္ရေသာအက်ိဳး။
၃။ ပါတိေမာကၡသံဝရ သီလႏွင့္ျပည့္စုံသျဖင့္ အပါယ္ေလးပါးမွ ကင္းလြတ္ရျခင္းအက်ိဳး။
၄။ ဒုစ႐ိုက္တရားကို ေရွာင္ၾကဥ္သျဖင့္ ဒုစ႐ိုက္၊ ဒုကၡမွကင္းလြတ္၍ စူဠသီလႏွင့္ျပည့္စုံရျခင္းအက်ိဳး။
၅။ ပြဲသဘင္အမ်ိဳးမ်ိဳး၊ ကစားပြဲအမ်ိဳးမ်ိဳး၊ မေကာင္းေသာ ကစားနည္းအမ်ိဳးမ်ိဳးမွ
ေရွာင္ၾကဥ္သျဖင့္ ထိုဒုကၡေတြမွကင္းလြတ္၍ မဇၩမသီလျဖင့္ ျပည့္စုံရျခင္းအက်ိဳး။
၆။ နကၡတ္၊ ေဗဒင္၊ ယၾတာ၊ ေဆးကုေပးျခင္း စသည္တို႔မွ ေရွာင္ၾကဥ္သျဖင့္ ထိုဒုကၡေတြမွ
ကင္းလြတ္၍ အာဇိဝပါရိ သုဒၶိသီလႏွင့္ ညီၫႊတ္ကာ မဟာသီလႏွင့္ျပည့္စုံျခင္းအက်ိဳး။
၇။ ဣေျႏ (၆)ပါးလုံး အကုသိုလ္မျဖစ္ေအာင္ ေစာင့္စည္းႏိုင္ျခင္းအက်ိဳး။
၈။ သတိႏွင့္ ျပည့္စုံျခင္းအက်ိဳး။
၉။ သမၸာဇဥ္ေခၚ ဆင္ျခင္တုံတရားႏွင့္ ျပည့္စုံျခင္းအက်ိဳး။
၁၀။ သေႏၲာသ စာဝတ္ေနေရး၊ ေရာင့္ရဲႏိုင္ျခင္းအက်ိဳး။
၁၁။ နိဝရဏ ငါးပါးမွ ကင္းလြတ္ရျခင္းအက်ိဳး။
၁၂။ ဈာန္တရား ရရွိႏိုင္ျခင္းအက်ိဳး။
၁၃။ ဝိဇၨာဉာဏ္ ရွစ္ပါးႏွင့္ျပည့္စုံ၍ မဂ္ဖိုလ္ရျခင္းအက်ိဳးတို႔ ျဖစ္၏။
အထက္ပါအက်ိဳးတရားတို႔သည္ သာမညဖလ ေခၚ ရဟန္းျပဳသျဖင့္ မ်က္ေမွာက္လက္ငင္း
ရရွိႏိုင္ေသာ အက်ိဳးတရားတို႔ျဖစ္သည္။
အဇာတသတ္မင္းသည္ သာမညဖလ တရားေတာ္ကို နာၾကားရသည့္အတြက္
အိပ္မေပ်ာ္ေသာေရာဂါ လုံးဝေပ်ာက္ကင္းသြားေတာ့သည္။ ရတနာျမတ္သုံးပါးအေပၚ
ယုံၾကည္သက္ဝင္လာေလသည္။ ပုထုဇဥ္တို႔တြင္ ရတနာသုံးပါးကို အၾကည္ညိဳဆုံးပုဂၢိဳလ္အျဖစ္
ဧကဒဂၤေပး မွတ္တမ္းတင္ျခင္းခံရသည္။ ဒုကၡႀကီးေလးေသာ မဟာအဝီစိငရဲ မက်ေတာ့ဘဲ
ဒုကၡေပါ့ပါးေသာ ေလာဟကုမၺိငရဲ သာ ခံစား၍ ေနာင္အနာဂါတ္ကာလတြင္ ဝိဇီတာဝီ
အမည္ျဖင့္ ပေစၥကဗုဒၶါတစ္ပါးျဖစ္ရမည္။
အဇာတသတ္မင္းသည္ ပထမသံဃာယနာတင္ဒကာအျဖစ္ ခံယူရ၏။ ဘုရားရွင္၏
ဓာတ္ေတာ္မ်ားကို စုေဆာင္းသိမ္းဆည္း၍ ဓာတ္ေတာ္တိုက္ႀကီး တည္ထားကိုးကြယ္ခဲ့သည္။
ဗုဒၶသာသနာႏွစ္ကို က်က်နနသတ္မွတ္ခဲ့သည္။ ဗုဒၶဘာသာဝင္တို႔ သာသနာႏွစ္ကို
အတိအက်သုံးစြဲခြင့္ရေနသည္မွာ အဇာတသတ္မင္း၏ ေက်းဇူးပင္ျဖစ္သည္။ ေနာင္အခါတြင္
သီရိဓမၼာေသာကမင္းႀကီးသည္ အဇာတသတ္မင္း၏ စုေဆာင္းထားေသာ ဓာတ္ေတာ္မ်ားကို
ရွာေဖြ၍ ေစတီေပါင္းရွစ္ေသာင္းေလးေထာင္ တည္ထားကိုးကြယ္သာသနာျပဳခဲ့ေသာၾကာင့္
ေႏွာင္းေခတ္ ဗုဒၶဘာသာဝင္မ်ား သာသနာ ေန လို လ လို ဘုန္းမီးေနလေတာက္ေရာင္ခဲ့လ်က္
လွပေဝဆာ ျပည္ျမန္မာတြင္ အစဥ္႐ိုက်ိဳး သဒၶါမိုးေဆြ၊ ရွစ္ခိုးကန္ေတာ့ဖူးေျမာ္ေနရျခင္းပင္
ျဖစ္ပါေတာ့သတည္း။
မွ်ေဝေပးပို႔ေသာ (ဆရာေတာ္ အရွင္သံဝရာလကၤာရဓမၼပိယ) အား ကြၽႏ္ုပ္သည္ ႐ိုေသျမတ္ႏိုး
လက္စုံမိုး၍ ရွစ္ခိုးကန္ေတာ့ပါ၏ဘုရား။
ျမန္မာ့႐ိုးရာ ဆယ့္ႏွစ္လရာသီမ်ားအနက္ တန္ေဆာင္မုန္းလတြင္ က်င္းပေသာ
ပြဲေတာ္မ်ားမွာ --
တန္ေဆာင္တိုင္မီးထြန္းပြဲေတာ္၊ ကထိန္သကၤန္းအလႉပြဲေတာ္၊ မသိုးသကၤန္းရက္လုပ္
ပူေဇာ္ပြဲေတာ္၊ ေဆးဖက္ဝင္၊ မဲဇလီဖူးသုပ္ ေဝငွေသာ ေဆးက်ဴးပြဲေတာ္၊ က်ီးမႏိုးပြဲေတာ္မ်ား
ျဖစ္သည္။
တန္ေဆာင္မုန္းလျပည့္ သာမညဖလ အခါေတာ္ေန႔အေၾကာင္းကို သိၾကေစရန္
စိတ္ရည္သန္လ်က္ ႐ိုးသားႀကိဳးစားရွာေဖြေဖာ္ထုတ္၍ သာသနာျပဳလိုက္ပါေတာ့သတည္း။
သီတဂူဆန္းလပမာ ခ်မ္းေျမသာယာၾကပါေစ။
သေဗၺ ဓမၼာ အနတၱာ
ဆရာဝင္းသူေအာင္ (ဥကၠလာ)
(ဇမၺဴဒိပ္ဂ်ာနယ္)
Friday, October 11, 2019
သီတင္းကြ်တ္လျပည့္ေန႔
သီတင်းကျွတ်လပြည့်နေ့အကြောင်း
သိကောင်းစရာများ
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ဘုရားရှင်သည် ခုနှစ်ဝါမြောက်ဝါတွင် တာဝတိိံသာနတ်ပြည်၌ ဝါကပ်ဆိုပါ၏။
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတ နတ်သားအမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အား
ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို အကျယ်ဟောကြားတော်မူပါသည်။
ဘုရားရှင်သည် ဝါတွင်းသုံးလ ကုန်ဆုံး၍ သီတင်းကျွတ်လပြည့်နေ့ညတွင် ရွှေစောင်းတန်း၊
ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းဟူ၍ စောင်းတန်းသုံးသွယ်အနက် အလယ်စောင်းတန်းဖြစ်သော
ပတ္တမြားစောင်းတန်းဖြင့်၊ ကျန်စောင်းတန်းနှစ်သွယ်မှ နတ်ဗြဟ္မာများ ဝန်းရံလျက်
လူ့ပြည်သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်းလာပါသည်။ နတ်ဗြဟ္မာများက ဆီးမီးထိန်ဝါ ထွန်းညှိပူဇော်
လိုက်ပါလာသကဲ့သို့ လူပြည့်မှ လူအပေါင်းတို့ကလည်း ဆီမီးများ ရောင်စုံထွန်းညှိ၍
ဆီးကြိုပူဇော်ကြလေသည်။

ထိုအဓိပ္ပါယ်ကိုယူလျက် ဗုဒ္ဓဘာသာ မြန်မာတို့သည်
သီတင်းကျွတ်လပြည့်နေ့ကို
ဗဟိုပြုလျက် အကြိုတစ်ရက်၊ အပိုတစ်ရက် ထည့်သွင်းကြကာ သုံးရက်တိုင်
သီတင်းကျွတ်မီးထွန်းပွဲတော်ကို မြို့ရွာရပ်ကွက်အလိုက် ကျင်းပပြုလုပ်ကြခြင်း
ဖြစ်ပါသည်။
ဗဟိုပြုလျက် အကြိုတစ်ရက်၊ အပိုတစ်ရက် ထည့်သွင်းကြကာ သုံးရက်တိုင်
သီတင်းကျွတ်မီးထွန်းပွဲတော်ကို မြို့ရွာရပ်ကွက်အလိုက် ကျင်းပပြုလုပ်ကြခြင်း
ဖြစ်ပါသည်။
ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ်
အခါတစ်ပါး၌
ဝါလသီတင်းကျွတ်၍ ကောသလတိုင်းမှ ရဟန်းတော်များက ဘုရားရှင်အား
လာရောက်ဖူးမြော်စဉ် ဘုရားရှင်က ရဟန်းတော်များအား အချင်းချင်း
အဆင်ပြေပြေရှိကြရဲ့လားဟု မေးမြန်းတော်မူရာ ရဟန်းတော်များက အချင်းချင်း
အဆင်မပြေ ရှိမည်စိုး၍ တစ်ဝါတွင်းလုံး အချင်းချင်း စကားပြေဆိုခြင်း မပြုကြဘဲ
တရားအလုပ်ကိုသာ ကျင့်ကြံနေထိုင်ခဲ့ကြပါကြောင်း လျှောက်ထားကြသည်။

ဘုရားရှင်က ရဟန်းတော်များ၏ အချင်းချင်း စကားပြောဆိုခြင်းမပြုဘဲ
နေထိုင်ကြသည်ကို ကဲ့ရဲ့တော်မူပြီး ထိုအကျင့်မျိုးပြုကျင့်လျှင် အာပတ်သင့်စေဟုပင်
ပညတ်တော်မူပြီး `ဝါတွင်းသုံးလနေထိုင်ကြပြီး ဝါကျွတ်သောရဟန်းများသည်
မြင်ခြင်း၊ ကြားခြင်း၊ သံသယဖြစ်ခြင်း အကြောင်းသုံးပါးတို့ဖြင့် အချင်းချင်း
သတိပေးပြောကြားစေရေး ပဝါရဏာကံ ပြုခြင်းကို ဆောင်ရွက်ကြစေ` ဟုလည်း
ပညတ်တော်မူပါသည်။ ထိုမှစ၍ ပဝါရဏာပြုခြင်း၊ ဖိတ်ကြားခြင်း ယဉ်ကျေးမှုသည်
ရဟန်းသံဃာလောက၌ ပေါ်ပေါက်လာခဲ့ပါသည်။

သီတင်းကျွတ်လပြည့်နေ့တွင် လပြည့်လကွယ် ဥပုသ်ကံဆောင်ခြင်းကဲ့သို့
သံဃာတော်များသည် သိမ်အတွင်း စုရုံးကြပြီး ကြိုတင်ဆောင်ရွက်ဖွယ်
ကိစ္စများပြုပြီးနောက် သိက္ခာဝါကြီးရင့်သည့် မထေရ်ကြီးများမှစ၍ သိက္ခာဝါအငယ်ဆုံး
ရဟန်းငယ်အထိ ပဝါရဏာဖိတ်ကြားသည့် ပါဠိကို သုံးကြိမ်စီ တစ်ပါးချင်း ရွတ်ဆို၍
ပဝါရဏာကံ ဆောင်ရွက်ကြပါသည်။

ဘုရားရှင်သည် ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသည့်
သန္တုသိတ နတ်သားအမှူးပြုသည့် နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူပါသည်။ ဆွမ်းဘုဉ်းပေးချိန်တွင် နိမ္မိတရုပ် ဖန်ဆင်း၍ အဘိဓမ္မာတရားတော်ကို
ဆက်လက်ဟောကြားစေပြီး ဘုရားရှင်သည် လူ့ပြည်ဆင်း၍ ဆွမ်းဘုဉ်းပေးရင်း
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးအား တာဝတိံသာ နတ်ပြည်တွင် ဟောကြားသည့်
အဘိဓမ္မာတရား အကျဉ်းချုပ်ကို ထပ်ဆင့် ဟောကြားပေးပါသည်။ ရှင်သာရိပုတ္တရာကလည်း
တပည့်ရဟန်း ငါးရာတို့အား မကျဉ်းမကျယ်အားဖြင့် ဆက်လက်ဟောကြားပါသည်။
ဝါတွင်းသုံးလပြီးမြောက်၍ သီတင်းကျွတ်လပြည့်နေ့တွင်
အဘိဓမ္မာတရားဟောကြားခြင်း
ပြီးဆုံးအောင်မြင်ပါသည်။ တာဝတိံသာ နတ်ပြည်တွင် အကျယ်ဟောကြားတော်မူသည့်
အဘိဓမ္မာတရားပွဲ ပြီးဆုံးသည့်နည်းတူ လူ့ပြည်တွင် အရှင်သာရိပုတ္တရာအား
ဟောကြားတော်မူသည့် အဘိဓမ္မာအကျဉ်းချုပ် နှင့် ဆက်လက်ဟောကြားသည့်
မကျဉ်းမကျယ်တို့သည်လည်း ထို့နေ့တွင် ပြီးဆုံးအောင်မြင်ပါသည်။ သို့ဖြစ်ရာ
သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာတရားအောင်ပွဲ့နေ့ ဖြစ်ပါသည်။

မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်နေ့ကို
သီတင်းကျွတ်မီးထွန်းပွဲတော်
နည်းတူ အဘိဓမ္မာအခါတော်နေ့ အဖြစ်လည်း ကျင်းပပြုလုပ်ကြပါသည်။
ဝတ်အသင်းအဖွဲ့များသည် ဘုရားစေတီများသို့ အဖွဲ့လိုက်သွားရောက်၍ အဘိဓမ္မာပါဠိတော်များ၊
ပဋ္ဌာန်းပါဠိတော်များ ရွတ်ပွားခြင်း၊ အဘိဓမ္မာ အခါတော်နေ့အကြောင်း ဟောပြောခြင်း၊
ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဆိုခြင်း စသည် ဆောင်ရွက်ကြပါသည်။

ရဟန်းသံဃာတော်များ၏ ပဝါရဏာပွဲတွင် သံဃာအချင်းချင်း ဖိတ်ကြား
ပန်ကြားမှု အစဉ်အလာသည် မြန်မာဗုဒ္ဓဘာသာဝင်တို့၏ လူနေမှုဘဝ မိသားစုဝင်များ၊
ဆရာ တပည့်များအတွင်း ကူးစက်ပုံဖော်ထားသည်မှာ ဝါကျွတ်ကန်တော့ပွဲ ဖြစ်ပါသည်။
ဆွေမျိုး မိသားစုတွင် ဘိုးဘွားမိဘများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းဌာန၊ ရုံးဌာနတွင်
ဆရာသမားနှင့် ဌာနအကြီးအကဲတို့အား မိသားစုဝင်များ တပည့်များက သီတင်းကျွတ်လပြည့်
ဝန်းကျင်တွင် မိမိတို့တတ်နိုင်သည့် ပစ္စည်းဝတ္တုများ၊ မုန့်သစ်သီး စားဖွယ်သောက်ဖွယ်များဖြင့်
တစ်ဦးချင်း တစ်ဖွဲ့ခြင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ကန့်တော့ကြသည်။
ဘုရားရှစ်ခိုး သြကာသကန်တော့ချိုးကို ရွတ်ဆို၍ဖြစ်စေ၊
ဦးသုံးကြိမ်ချ၍ဖြစ်စေ၊
အများစုဖြစ်လျှင် တစ်ဦးကတိုင်ပေးသည်ကို လိုက်ဆို၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊
မနောကံ ပြစ်မှားမှုများရှိပါက ခွင့်လွှတ်ပါမည့်အကြောင်း ကန့်တော့ကြသည်။
ကန်တော့ခံဘိုးဘွား မိဘများနှင့် ဆရာသမား အကြီးအကဲများက ဦးစွာတတ်သမျှမှတ်သမျှ
ဆုပေးကြပြီး ဆက်လက်၍ သြဝါဒ ဆုံးမစကား ချီးမြှင့်ပေးကြသည်။ ကန်တော့ပြီးပါက
ကန်တော့ခံသူများကလည်း မိမိတို့တတ်နိုင်သမျှ ငွေစကြေးစ ထုတ်၍ ကန်တော့ကြသူ
ကလေးသူငယ်များအား မုန့်ဖိုးဝေငှပေးကြသည်များလည်း ရှိလေသည်။ ကန်တော့လျှင်
မုန့်ဖိုးရ၍ ပျော်ရွှင်သွားသော သားငယ် သမီးငယ် မြေးငယ်လေးများအားကြည့်၍
ဘိုးဘွားမိဘများလည်း ပျော်ရွှင်သွားကြသဖြင့် မိသားစု စည်းလုံးမှုကို တိုးပွားစေသော
ဝါကျွတ်ကန်တော့ပွဲတစ်ခုလည်း ဖြစ်ပါသည်။

တင်အောင်ထွန်း (သုတေသန)
မြန်မာ့ရိုးရာ ဆယ်နှစ်လရာသီပွဲတော်များ မှ
မြန်မာ့ရိုးရာ ဆယ်နှစ်လရာသီပွဲတော်များ မှ
သီတင္းကြ်တ္လျပည့္ေန႔အေၾကာင္း
သိေကာင္းစရာမ်ား
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
ဘုရားရွင္သည္ ခုႏွစ္ဝါေျမာက္ဝါတြင္ တာဝတိႎသာနတ္ျပည္၌ ဝါကပ္ဆိုပါ၏။
မယ္ေတာ္ျဖစ္ခဲ့ဖူးေသာ သႏၱဳသိတ နတ္သားအမွဴးျပဳသည့္ နတ္ျဗဟၼာအေပါင္းတို႔အား
ဝါတြင္းသံုးလပတ္လံုး အဘိဓမၼာတရားေတာ္ကို အက်ယ္ေဟာၾကားေတာ္မူပါသည္။
ဘုရားရွင္သည္ ဝါတြင္းသံုးလ ကုန္ဆံုး၍ သီတင္းကြ်တ္လျပည့္ေန႔ညတြင္ ေရႊေစာင္းတန္း၊
ေငြေစာင္းတန္း၊ ပတၱျမားေစာင္းတန္းဟူ၍ ေစာင္းတန္းသံုးသြယ္အနက္ အလယ္ေစာင္းတန္းျဖစ္ေသာ
ပတၱျမားေစာင္းတန္းျဖင့္၊ က်န္ေစာင္းတန္းႏွစ္သြယ္မွ နတ္ျဗဟၼာမ်ား ဝန္းရံလ်က္
လူ႕ျပည္သကၤႆနဂိုရ္ၿမိဳ႕သို႔ ၾကြဆင္းလာပါသည္။ နတ္ျဗဟၼာမ်ားက ဆီးမီးထိန္ဝါ ထြန္းညွိပူေဇာ္
လိုက္ပါလာသကဲ့သို႔ လူျပည့္မွ လူအေပါင္းတို႔ကလည္း ဆီမီးမ်ား ေရာင္စံုထြန္းညွိ၍
ဆီးႀကိဳပူေဇာ္ၾကေလသည္။

ထိုအဓိပၸါယ္ကိုယူလ်က္ ဗုဒၶဘာသာ ျမန္မာတို႔သည္
သီတင္းကြ်တ္လျပည့္ေန႔ကို
ဗဟိုျပဳလ်က္ အႀကိဳတစ္ရက္၊ အပိုတစ္ရက္ ထည့္သြင္းၾကကာ သံုးရက္တိုင္
သီတင္းကြ်တ္မီးထြန္းပြဲေတာ္ကို ၿမိဳ႕ရြာရပ္ကြက္အလိုက္ က်င္းပျပဳလုပ္ၾကျခင္း
ျဖစ္ပါသည္။
ဗဟိုျပဳလ်က္ အႀကိဳတစ္ရက္၊ အပိုတစ္ရက္ ထည့္သြင္းၾကကာ သံုးရက္တိုင္
သီတင္းကြ်တ္မီးထြန္းပြဲေတာ္ကို ၿမိဳ႕ရြာရပ္ကြက္အလိုက္ က်င္းပျပဳလုပ္ၾကျခင္း
ျဖစ္ပါသည္။
ဘုရားရွင္သည္ သာဝတၳိျပည္ ေဇတဝန္ေက်ာင္း၌ သီတင္းသံုးေနစဥ္
အခါတစ္ပါး၌
ဝါလသီတင္းကြ်တ္၍ ေကာသလတိုင္းမွ ရဟန္းေတာ္မ်ားက ဘုရားရွင္အား
လာေရာက္ဖူးေျမာ္စဥ္ ဘုရားရွင္က ရဟန္းေတာ္မ်ားအား အခ်င္းခ်င္း
အဆင္ေျပေျပရွိၾကရဲ႕လားဟု ေမးျမန္းေတာ္မူရာ ရဟန္းေတာ္မ်ားက အခ်င္းခ်င္း
အဆင္မေျပ ရွိမည္စိုး၍ တစ္ဝါတြင္းလံုး အခ်င္းခ်င္း စကားေျပဆိုျခင္း မျပဳၾကဘဲ
တရားအလုပ္ကိုသာ က်င့္ၾကံေနထိုင္ခဲ့ၾကပါေၾကာင္း ေလွ်ာက္ထားၾကသည္။

ဘုရားရွင္က ရဟန္းေတာ္မ်ား၏ အခ်င္းခ်င္း စကားေျပာဆိုျခင္းမျပဳဘဲ
ေနထိုင္ၾကသည္ကို ကဲ့ရဲ႕ေတာ္မူၿပီး ထိုအက်င့္မ်ိဳးျပဳက်င့္လွ်င္ အာပတ္သင့္ေစဟုပင္
ပညတ္ေတာ္မူၿပီး `ဝါတြင္းသံုးလေနထိုင္ၾကၿပီး ဝါကြ်တ္ေသာရဟန္းမ်ားသည္
ျမင္ျခင္း၊ ၾကားျခင္း၊ သံသယျဖစ္ျခင္း အေၾကာင္းသံုးပါးတို႔ျဖင့္ အခ်င္းခ်င္း
သတိေပးေျပာၾကားေစေရး ပဝါရဏာကံ ျပဳျခင္းကို ေဆာင္ရြက္ၾကေစ` ဟုလည္း
ပညတ္ေတာ္မူပါသည္။ ထိုမွစ၍ ပဝါရဏာျပဳျခင္း၊ ဖိတ္ၾကားျခင္း ယဥ္ေက်းမႈသည္
ရဟန္းသံဃာေလာက၌ ေပၚေပါက္လာခဲ့ပါသည္။

သီတင္းကြ်တ္လျပည့္ေန႔တြင္ လျပည့္လကြယ္ ဥပုသ္ကံေဆာင္ျခင္းကဲ့သို႔
သံဃာေတာ္မ်ားသည္ သိမ္အတြင္း စုရုံးၾကၿပီး ႀကိဳတင္ေဆာင္ရြက္ဖြယ္
ကိစၥမ်ားျပဳၿပီးေနာက္ သိကၡာဝါႀကီးရင့္သည့္ မေထရ္ႀကီးမ်ားမွစ၍ သိကၡာဝါအငယ္ဆံုး
ရဟန္းငယ္အထိ ပဝါရဏာဖိတ္ၾကားသည့္ ပါဠိကို သံုးႀကိမ္စီ တစ္ပါးခ်င္း ရြတ္ဆို၍
ပဝါရဏာကံ ေဆာင္ရြက္ၾကပါသည္။

ဘုရားရွင္သည္ ခုႏွစ္ဝါေျမာက္တြင္ တာဝတႎသာ နတ္ျပည္၌ မယ္ေတာ္ျဖစ္ခဲ့ဖူးသည့္
သႏၱဳသိတ နတ္သားအမွဴးျပဳသည့္ နတ္ျဗဟၼာအေပါင္းတို႔အား အဘိဓမၼာတရားေတာ္ကို
ေဟာၾကားေတာ္မူပါသည္။ ဆြမ္းဘုဥ္းေပးခ်ိန္တြင္ နိမၼိတရုပ္ ဖန္ဆင္း၍ အဘိဓမၼာတရားေတာ္ကို
ဆက္လက္ေဟာၾကားေစၿပီး ဘုရားရွင္သည္ လူ႕ျပည္ဆင္း၍ ဆြမ္းဘုဥ္းေပးရင္း
အရွင္သာရိပုတၱရာမေထရ္ျမတ္ႀကီးအား တာဝတႎသာ နတ္ျပည္တြင္ ေဟာၾကားသည့္
အဘိဓမၼာတရား အက်ဥ္းခ်ဳပ္ကို ထပ္ဆင့္ ေဟာၾကားေပးပါသည္။ ရွင္သာရိပုတၱရာကလည္း
တပည့္ရဟန္း ငါးရာတို႔အား မက်ဥ္းမက်ယ္အားျဖင့္ ဆက္လက္ေဟာၾကားပါသည္။
ဝါတြင္းသံုးလၿပီးေျမာက္၍ သီတင္းကြ်တ္လျပည့္ေန႔တြင္
အဘိဓမၼာတရားေဟာၾကားျခင္း
ၿပီးဆံုးေအာင္ျမင္ပါသည္။ တာဝတႎသာ နတ္ျပည္တြင္ အက်ယ္ေဟာၾကားေတာ္မူသည့္
အဘိဓမၼာတရားပြဲ ၿပီးဆံုးသည့္နည္းတူ လူ႕ျပည္တြင္ အရွင္သာရိပုတၱရာအား
ေဟာၾကားေတာ္မူသည့္ အဘိဓမၼာအက်ဥ္းခ်ဳပ္ ႏွင့္ ဆက္လက္ေဟာၾကားသည့္
မက်ဥ္းမက်ယ္တို႔သည္လည္း ထို႔ေန႔တြင္ ၿပီးဆံုးေအာင္ျမင္ပါသည္။ သို႔ျဖစ္ရာ
သီတင္းကြ်တ္လျပည့္ေန႔သည္ အဘိဓမၼာတရားေအာင္ပြဲ႕ေန႔ ျဖစ္ပါသည္။

ျမန္မာဗုဒၶဘာသာဝင္တို႔သည္ သီတင္းကြ်တ္လျပည့္ေန႔ကို
သီတင္းကြ်တ္မီးထြန္းပြဲေတာ္
နည္းတူ အဘိဓမၼာအခါေတာ္ေန႔ အျဖစ္လည္း က်င္းပျပဳလုပ္ၾကပါသည္။
ဝတ္အသင္းအဖြဲ႕မ်ားသည္ ဘုရားေစတီမ်ားသို႔ အဖြဲ႕လိုက္သြားေရာက္၍ အဘိဓမၼာပါဠိေတာ္မ်ား၊
ပ႒ာန္းပါဠိေတာ္မ်ား ရြတ္ပြားျခင္း၊ အဘိဓမၼာ အခါေတာ္ေန႔အေၾကာင္း ေဟာေျပာျခင္း၊
ရွစ္လံုးဖြဲ႕ကဗ်ာမ်ား ရြတ္ဆိုျခင္း စသည္ ေဆာင္ရြက္ၾကပါသည္။

ရဟန္းသံဃာေတာ္မ်ား၏ ပဝါရဏာပြဲတြင္ သံဃာအခ်င္းခ်င္း ဖိတ္ၾကား
ပန္ၾကားမႈ အစဥ္အလာသည္ ျမန္မာဗုဒၶဘာသာဝင္တို႔၏ လူေနမႈဘဝ မိသားစုဝင္မ်ား၊
ဆရာ တပည့္မ်ားအတြင္း ကူးစက္ပံုေဖာ္ထားသည္မွာ ဝါကြ်တ္ကန္ေတာ့ပြဲ ျဖစ္ပါသည္။
ေဆြမ်ိဳး မိသားစုတြင္ ဘိုးဘြားမိဘမ်ား၊ သက္ႀကီးရြယ္အိုမ်ား၊ ေက်ာင္းဌာန၊ ရုံးဌာနတြင္
ဆရာသမားႏွင့္ ဌာနအႀကီးအကဲတို႔အား မိသားစုဝင္မ်ား တပည့္မ်ားက သီတင္းကြ်တ္လျပည့္
ဝန္းက်င္တြင္ မိမိတို႔တတ္ႏိုင္သည့္ ပစၥည္းဝတၱဳမ်ား၊ မုန္႔သစ္သီး စားဖြယ္ေသာက္ဖြယ္မ်ားျဖင့္
တစ္ဦးခ်င္း တစ္ဖြဲ႕ျခင္းျဖစ္ေစ၊ စုေပါင္း၍ျဖစ္ေစ ကန္႔ေတာ့ၾကသည္။
ဘုရားရွစ္ခိုး ၾသကာသကန္ေတာ့ခ်ိဳးကို ရြတ္ဆို၍ျဖစ္ေစ၊ ဦးသံုးႀကိမ္ခ်၍ျဖစ္ေစ၊
အမ်ားစုျဖစ္လွ်င္ တစ္ဦးကတိုင္ေပးသည္ကို လိုက္ဆို၍ျဖစ္ေစ ကာယကံ၊ ဝစီကံ၊
မေနာကံ ျပစ္မွားမႈမ်ားရွိပါက ခြင့္လႊတ္ပါမည့္အေၾကာင္း ကန္႔ေတာ့ၾကသည္။
ကန္ေတာ့ခံဘိုးဘြား မိဘမ်ားႏွင့္ ဆရာသမား အႀကီးအကဲမ်ားက ဦးစြာတတ္သမွ်မွတ္သမွ်
ဆုေပးၾကၿပီး ဆက္လက္၍ ၾသဝါဒ ဆံုးမစကား ခ်ီးျမွင့္ေပးၾကသည္။ ကန္ေတာ့ၿပီးပါက
ကန္ေတာ့ခံသူမ်ားကလည္း မိမိတို႔တတ္ႏိုင္သမွ် ေငြစေၾကးစ ထုတ္၍ ကန္ေတာ့ၾကသူ
ကေလးသူငယ္မ်ားအား မုန္႔ဖိုးေဝငွေပးၾကသည္မ်ားလည္း ရွိေလသည္။ ကန္ေတာ့လွ်င္
မုန္႔ဖိုးရ၍ ေပ်ာ္ရႊင္သြားေသာ သားငယ္ သမီးငယ္ ေျမးငယ္ေလးမ်ားအားၾကည့္၍
ဘိုးဘြားမိဘမ်ားလည္း ေပ်ာ္ရႊင္သြားၾကသျဖင့္ မိသားစု စည္းလံုးမႈကို တိုးပြားေစေသာ
ဝါကြ်တ္ကန္ေတာ့ပြဲတစ္ခုလည္း ျဖစ္ပါသည္။

တင္ေအာင္ထြန္း (သုေတသန)
ျမန္မာ့ရုိးရာ ဆယ္ႏွစ္လရာသီပြဲေတာ္မ်ား မွ
ျမန္မာ့ရုိးရာ ဆယ္ႏွစ္လရာသီပြဲေတာ္မ်ား မွ
Friday, July 5, 2019
အားကိုးမွားေသာ ေဒၚေပါၾကြယ္
အားကိုးမွားေသာ
ေဒၚေပါၾကြယ္
♦♦♦♦♦♦♦♦♦♦♦♦♦♦
♣ ဘုရားရွင္၏ လက္ထက္ေတာ္ကာလက သာ၀တၳိၿမိဳ႕မွာ သူေ႒းသမီး
တစ္ေယာက္ဟာ
အခ်ိန္တန္
အရြယ္ေရာက္လို႔ အိမ္ေထာက္ရက္သားက်တဲ့အခါ လင္ေယာက်္ားေနာက္
လိုက္ပါၿပီး
ေနရပါသတဲ့။
♣ သူတို႔ဇနီးေမာင္ႏွံဟာ သူေ႒းမ်ိဳးရုိးက ဆင္းသက္လာသူမ်ားပီပီ
အင္မတန္
ခ်မ္းသာၾကြယ္ဝၾကသည္။
ေဆြးႀကီးမ်ိဳးႀကီး ဥစၥာဓန ႀကီးမားသူမ်ားဆိုေတာ့
ၿမိဳ႕မ်က္ႏွာဖံုးလို႔
ဆိုရမွာပဲ။ မၾကာခင္ကာလမွာပင္ သား ခုႏွစ္ေယာက္၊
သမီး ခုႏွစ္ေယာက္
ထြန္းကားလို႔ `ဗဟုပတၱိကာေသာဏာ` လို႔ အမ်ားက
အမည္ေပးၾကသတဲ့။
♣ `ဗဟုပတၱိကာ`
ဆိုတာ သားသမီး ေပါမ်ားသူလို႔ အဓိပၸါယ္ရပါတယ္။
`ေသာဏာ` ဆိုတာကေတာ့ သူ႕နာမည္ရင္းပါပဲ။ ျမန္မာလိုေခၚမယ္ဆိုရင္ေတာ့
သားသမီးေတြ
ေပါသလို ဥစၥာဓနလည္း ၾကြယ္ဝသူမို႔ ေဒၚေပါၾကြယ္လို႔ ေခၚရမွာေပါ့။
♣ ေဒၚေပါၾကြယ္ဟာ ဘုရားရွင္ သီတင္းသံုးေတာ္မူရာ
သာဝတၳိျပည္မွာ ေနရေပမယ့္
ကုသိုလ္ေရး
စိတ္မဝင္စားဘူးတဲ့။ မိတ္ေဆြေတြက တိုက္တြန္းတဲ့အခါမွာလည္း -
`ဒါနလုပ္တယ္ဆိုတာေအ- ဆင္းရဲတဲ့သူေတြ၊ ပစၥည္းမရွိလို႔
ပစၥည္းေပါၿပီး
ခ်မ္းသာေအာင္ လုပ္ၾကတာပဲ၊ တို႔မွာ ပစၥည္းရွိၿပီးသားပဲ၊
မလိုပါဘူး` လို႔
ျပန္ေျပာသတဲ့။
ဥပုသ္ေစာင့္ဖို႔ ေခၚတဲ့အခါ -
`ဥပုသ္ေစာင့္တယ္ ဆိုတာလည္း အကုသိုလ္ေတြမ်ားေနမွ
လုပ္ဖို႔လိုတာပါ၊
တို႔မွာ အကုသိုလ္မွ မလုပ္ဘဲ၊ ေနာက္ၿပီး
အားလည္း မအားပါဘူး`
လို႔ ျငင္းျပန္သတဲ့။
ေနာက္တစ္ခါ
တရားအားထုတ္ဖို႔ တိုက္တြန္းေတာ့လည္း -
`တရားအားထုတ္တယ္ ဆိုတာ စိတ္အားငယ္ေနတဲ့သူေတြ၊ ခိုးကိုးရာမဲ့သူေတြသာ
လုပ္ရတာ၊ တို႔မွာက ေဆြရွိမ်ိဳးရွိ ေငြေၾကးေတြရွိတာ့
မပူရေပါင္၊ ၿပီးေတာ့
သားသမီးေတြကို ခ်စ္လြန္းလို႔ သူတို႔ကို
ပစ္ၿပီး ဘယ္သြားရက္မွာလဲ`
လို႔ ေျပာသတဲ့။
♣ ဘဝဆိုတာ `အသိမွန္ကန္ အဖိုးတန္` တဲ့။ မွန္ကန္တဲ့ အသိတရား မရွိရင္ေတာ့ အခိုင္အမာ
မဟုတ္တာကိုပဲ
တကယ့္ အားကိုးစရာလို႔ ထင္ေနတတ္ပါတယ္။
အခု ေဒၚေပါၾကြယ္က
ဥစၥာဓနနဲ႔ ေဆြမ်ိဳးေတြကို ဘဝရဲ႕ အမာခံလို႔၊ အားကိုးစရာလို႔
ထင္ေနတာကိုး။
အဲဒီလိုနဲ႔
အသက္အရြယ္ အေတာ္အတန္ ရလာတဲ့အခါ သားသမီးေတြက အသီးသီး
အိမ္ေထာင္ကိုယ္စီ
က်ကုန္ၿပီ၊ အဲဒီအခ်ိန္ သူ႕ခင္ပြန္းျဖစ္တဲ့ သူေ႒းႀကီးက
အနာေရာဂါတစ္ခုနဲ႔
ဖ်တ္ခနဲ ကြယ္လြန္သြားေရာ။
ေဒၚေပါၾကြယ္တစ္ေယာက္
ေဆာက္တည္ရာမရ ျဖစ္လိုက္တာ၊ ေစာေစာတုန္းက
ဒီမိသားစု
အေဆာက္အအံုႀကီး ၿပိဳက်သြားလိမ့္မယ္လို႔ မထင္ခဲ့ပါဘူး။
အၿမဲတမ္းရာသက္ပန္ပဲ
ဒီအသိုင္းအဝိုင္းႀကီး၊ ဒီမိသားစုႀကီးဟာ ဒီအတိုင္း
တည္ၿမဲေနမယ္လို႔
သူထင္ခဲ့တာ။
အခုေတာ့ အထင္ႀကီးခဲ့တာေတြ
ၿပိဳက်ပ်က္စီးသြားေတာ့ အားငယ္ရ ပူေဆြးရလိုက္တာမ်ား
မေျပာပါနဲ႔၊
ေတာ္ေတာ္ႀကီး စိတ္ဆင္းရဲသြားသတဲ့။
♣ သူေ႒းႀကီး ကြယ္လြန္လို႔မွ မၾကာခင္ဘဲ သားေတြ၊
သမီးေတြက အေမြခြဲေဝေပးဖို႔
ဝိုင္းၿပီး
ပူဆာၾက၊ ေတာင္းဆိုၾကသတဲ့။
`အေမ၊ အေဖလည္း မရွိေတာ့ဘူး၊ အေမကလည္း အသက္ႀကီးလာၿပီ၊
သားတို႔ သမီးတို႔
ရသင့္ ရထိုက္တာေတြ ခြဲေဝေပးပါ၊ အေမလည္း
အေဖမရွိေတာ့ သားတို႔ သမီးတို႔နဲ႔
လိုက္ေနပါ`
စသည္ျဖင့္
ေခ်ာ့တဲ့လူက ေခ်ာ့၊ ေျခာက္တဲ့လူက ေျခာက္ၿပီးေတာ့
အေမြေတာင္းၾကသတဲ့။
♣ အေမြဆိုတာ အင္မတန္ စကားမ်ားတဲ့ ဥစၥာေတြပဲ။ လူကို
အလြန္
စကားအေျပာခိုင္းတဲ့
ပစၥည္းေတြ။ တစ္ေယာက္နဲ႔တစ္ေယာက္
ေသြးကြဲေအာင္လည္း
ခြဲတတ္တယ္။ အင္မတန္ ရင္းႏွီးတဲ့ သားနဲ႔အမိ၊
ညီအကို ေမာင္ႏွမ
အားလံုးကို ေသြးကြဲေစတာပါပဲ။
♣ အခုလည္း အေမြေတြက စကားအေျပာခိုင္းလို႔ သားေတြ
သမီးေတြက
အေမြစကား
ေျပာလာတဲ့အခါ၊ သားသမီးေတြကို ယံုတဲ့ ေဒၚေပါၾကြယ္ႀကီးက
ကိုယ့္အတြက္ေတာင္
ခ်န္မထားေတာ့ဘဲ ပစၥည္းေတြအားလံုးကို အညီအမွ်
ခြဲေဝၿပီး
ေပးပစ္လိုက္ပါသတဲ့။
အေမြေတြ အကုန္ခြဲေဝၿပီးတဲ့အခါ
ေနစရာအိမ္ မရွိေတာ့တဲ့ ေဒၚေပါၾကြယ္ဟာ
သူ႕သားသမီးေတြ
အိမ္ကို လိုက္ေနပါတယ္။
♣ ေနာက္ထပ္ ရစရာ မရွိေတာ့တဲ့ အေမအိုႀကီးကို ဘယ္သားသမီးကမွ
ၾကာၾကာ လက္ခံမထားခ်င္ဘူးတဲ့။
သားေတြက မၾကည္ျဖဴတဲ့အျပင္
ေခၽြးမေတြက
ႏွိပ္စက္သတဲ့။ သမီးေတြက ျငဴစူသလို သမက္ေတြကလည္း
ဆဲဆို ႀကိမ္းေမာင္းၾကသတဲ့။
သားသမီးယံု စံုလံုးကန္း ဆိုသလို ေဒၚေပါၾကြယ္တစ္ေယာက္
ေလာကႀကီးမွာ
သူမထင္တာေတြ ျဖစ္လာတဲ့အခါ စိတ္အနာႀကီး နာသတဲ့။
♣ ေလာကမွာ ရုပ္အနာနဲ႔ စိတ္အနာဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။
အဲဒီအထဲမွာ
စိတ္အနာက
အဆိုးဆံုး၊ အကုရ အခက္ဆံုးပဲ။
ေသာကေတြ၊
ေဒါမနႆေတြက ႏွလံုးသားထဲမွာ ႏွိပ္စက္လိုက္တာ၊
ဘယ္လိုပူေလာင္မွန္းမသိ၊
ေဆာက္တည္ရာမရွိ ျဖစ္တတ္တယ္။
စိတ္နာလြန္းရင္
စကားေတာင္ မေျပာႏိုင္ေတာ့ဘူး။ တခ်ိဳ႕ မိဘနဲ႔ သားသမီး၊
ညီအကို ေမာင္ႏွမ
အခ်င္းခ်င္း စိတ္နာလို႔ စကားမေျပာၾကဘူးတဲ့။
♣ အဲဒီေတာ့ ဒီစိတ္အနာက အလြန္ဆိုးပါတယ္။ စိတ္အနာလြန္သြားရင္
စိတ္ေရာဂါ
ရတတ္ပါတယ္။ ရုပ္အနာက ေဆးေတြ႕သြားရင္ ေပ်ာက္လြယ္တတ္တယ္။
စိတ္အနာဆိုတာက
ေဆးေတြ႕ရုံသက္သက္နဲ႔ မေပ်ာက္ပါဘူး။
တရားပါေတြ႕မွ
ေပ်ာက္ပါတယ္။
♣ ျမတ္စြာဘုရား သာသနာဆိုတာ စိတ္နာေပ်ာက္ေအာင္ ကုေပးတဲ့
ေနရာပါပဲ။
ျမတ္စြာဘုရားရဲ႕
အဆံုးအမ လမ္းညႊန္ခ်က္ေတြဟာလည္း စိတ္နာေပ်ာက္ေစတဲ့
လမ္းစဥ္ေတြခ်ည္းပါပဲ။
သတၱဝါတိုင္း စိတ္နာေပ်ာက္ကင္းမွ ၿငိမ္းေအးၾကပါတယ္။
♣ အခု ပစၥည္းဥစၥာေတြ အားကိုးခဲ့တဲ့ ေဒၚေပါၾကြယ္၊
သားသမီးေတြကို
အားကိုးခဲ့တဲ့
ေဒၚေပါၾကြယ္ခမ်ာ အဲဒီဟာေတြကို အားကိုးလို႔မရေတာ့
ကိုယ့္ကိုယ္ကိုယ္
မေက်နပ္၊ ပတ္ဝန္းက်င္ကို မေက်နပ္၊ ဘဝကို
မေက်နပ္ေတာ့
စိတ္နာရၿပီ။
ဒီစိတ္အနာ
ကုဖို႔ဆိုတာ ျမတ္စြာဘုရားရဲ႕ တရားပဲ ရွိတယ္လို႔
သိလိုက္ရတာနဲ႔
တစ္ၿပိဳက္နက္ သာသနာေတာ္ဝင္ ဘိကၡဳနီမအျဖစ္
ခံယူၿပီးေတာ့
ႀကိဳးႀကိဳးစားစား တရားရွဴမွတ္ပါသတဲ့။
♣ ပစၥည္းေတြ၊ ေဆြမ်ိဳးေတြ အားကိုးခဲ့တဲ့ ေဒၚေပါၾကြယ္ဟာ
ပစၥည္းေတြ
ေဆြမ်ိဳးေတြရဲ႕ ဝိုင္းပယ္ထားျခင္း ခံရေလေတာ့ ကိုယ့္အမွားကို
သံေဝဂႀကီးစြာ
ရၿပီးေတာ့ ….
`ေနဝင္ခါနီးမွ စပါးလွန္းသူဟာ စပါးေျခာက္ေအာင္ နာနာေမႊေပးရသလိုပဲ၊
ငါဟာ အသက္ႀကီးမွ ရဟန္းဝတ္လာသူျဖစ္ေလေတာ့
မေနမနား
တရားအားထုတ္မွ ေတာ္မယ္` ဆိုၿပီး မအိပ္မေန တရားရွဴမွတ္ပါသတဲ့။
♣ အဲဒီလို ႀကိဳးစားမႈေၾကာင့္ မၾကာခင္မွာဘဲ ဘုရားရွင္ရဲ႕
အားေပးမႈနဲ႔
ရဟႏၱာမအျဖစ္
ေရာက္ေတာ္မူခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ေဒၚေပါၾကြယ္
တစ္ျဖစ္လဲ
ေသာဏာေထရီမႀကီးဟာ ဂုဏ္သတင္းေမႊး ေက်ာ္ၾကားလာခဲ့ၿပီးေတာ့၊
ေနာက္ဆံုး
ျမတ္စြာဘုရားရွင္ရဲ႕ အာရဒၶဝီရိယဧတဒဂ္ေပးျခင္းကိုပင္
ခံယူခဲ့ရပါတယ္။
♣ ဘဝမွာ အားကိုးမွားခဲ့တဲ့ ေဒၚေပါၾကြယ္တစ္ေယာက္
ေလာကရဲ႕ ဝိုင္းပယ္ျခင္းခံရေပမယ့္
သာသနာေတာ္ရဲ႕ ေက်းဇူးေၾကာင့္
ျမတ္စြာဘုရားရွင္ရဲ႕
တရားအရိပ္ေအာက္တြင္ ေအးခ်မ္းတည္ၿငိမ္စြာ
ေလွ်ာက္ႏိုင္ခဲ့ပါၿပီ။
♣ အသက္ သိကၡာ၊ ႀကီးစရာ၊ လူမွာ ႏွစ္မ်ိဳးရွိ။
♣ အသက္ႀကီးရုံ၊ အားမစံု၊ အကုန္ေၾကာက္ရ၏။
♣ အသိမၾကြယ္၊ အက်င့္ကြယ္၊ `အိုပယ္` ျဖစ္သြား၏။
♣ အက်င့္သိကၡာ၊ ႀကီးမွသာ၊ ထည္ဝါ ခံ့ညား၏။
♣ တရားျပည့္ဝ၊ အရိပ္ရ၊ မုခ်ခ်မ္းသာ၏။
တိပိဋကဓရ၊
ဓမၼဘ႑ာဂါရိက
ေယာ ဆရာေတာ္ႀကီး
(ေတာ္ဝင္ႏြယ္
ဓမၼပံုျပင္မ်ား မွ)
Subscribe to:
Posts (Atom)