Monday, December 30, 2019

၂၀၂၀ နှစ်သစ်ဆုတောင်း


   #၂၀၂၀ နှစ်သစ်ဆုတောင်း


   ပြည်တောင်စုဖွား မြန်မာနိုင်ငံသား
မျိုးနွယ်စုအားလုံးဟာ ချမ်းသာသုခကို မြတ်နိုးကြပြီး၊
ငြိမ်းချမ်းစွာ နေထိုင်လိုကြသူများဖြစ်ကြတယ်။
သို့ရာတွင် ယနေ့တိုင်
လိုအင်ဆန္ဒ အပြည့်အဝ မရရှိကြသေးသည်မှာ …
သတိသံပဇဉ်ညတရား
အားနည်းနေခြင်းကြောင့်သာဖြစ်တယ်။
သတိသံပဇဉ်ညကို တိုးမြှင့်လေ့ကျင့်ပြီး
မလုပ်သင့်တာကို ရှောင်၊ လုပ်သင့်တာကို
အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရပါမယ်။
သို့မှသာ မိမိတို့မျှော်လင့်ထားတဲ့
ချမ်းသာသုခနဲ့ ငြိမ်းချမ်းမှုကို
ရရှိနိုင်ကြမှာဖြစ်တယ်။
မလုပ်သင့်တာတွေ လုပ်နေသမျှ
လုပ်သင့်တာတွေ မလုပ်သေးသမျှ …
မည်သူတစ်ဦးတစ်ယောက်မှ
ချမ်းသာသုခကိုမရနိုင်ပါ။
မလုပ်သင့်တာတွေ လုပ်နေသမျှ
ဆိုးကျိုးနှင့်သာ ကြုံတွေ့ကြရမှာဖြစ်ပြီး
လုပ်သင့်တာတွေကို မလုပ်သေးသမျှ …
ကောင်းကျိုး ချမ်းသာက
ဝေးကွာနေဦးမှာသာဖြစ်တယ်။
ဒါကြောင့်
နိုင်ငံတကာနှစ်သစ်ကူး ၂၀၂၀ ပြည့်နှစ်
နှစ်ဦးကာလမှ အစပြု၍
သတိသံပဇဉ်ညတရား လက်ကိုင်ထားကာ …
အတ္တအကျိုး၊ ပရအကျိုး၊
နိုင်ငံအကျိုး ပွားတိုးအောင် ဆောင်ရွက်ကြပါလို့
မေတ္တာပြုတိုက်တွန်းအပ်ပါတယ်။


ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

bwar99.blogspot.com

No comments:

Post a Comment