Monday, December 4, 2017

မဟာဗောဓိမြိုင်ဆရာတော်ကြီး



သီလဖြင့် အလှပြင် မယဉ်မရှိ မမြင်မရှိ
♣♣♣♣♣♣♣♣♣♣♣♣♣♣♣

အလှကို လူတိုင်းမက်၏။
အလှပြင်တတ်လျှင်
ပြင်သူပါမက မြင်သူပါမက်၏။
ထိုအလှသည် သီလဖြင့် ပြင်ဆင်သူ၏
အလှက အသာဆုံးပင်။
သီလပြည့်သဖြင့် မာနမရှိသူ၏ အလှသည်
သနားစရာ အကောင်းဆုံး။
သီလပြည့်သဖြင့် ဒေါသမရှိသူ၏ အလှသည်
ချစ်စရာ အကောင်းဆုံး။
သီလပြည့်သဖြင့် ရာဂမရှိသူ၏ အလှသည်
မြတ်နိုးစရာ အကောင်းဆုံး။
သီလပြည့်သဖြင့် မောဟမရှိသူ၏ အလှသည်
ကြည်ညိုစရာ အကောင်းဆုံး။
သီလမပြည့်၊ စင်ကြယ်ခြင်းမရှိသူ၏ အလှကား …
မည်မျှပင် အပြင်အဆင်ကောင်းစေ
အချောမှထွက် အလှဘက် မထွက်ပြီ ….။


မဟာဗောဓိမြိုင်ဆရာတော်ကြီး
(ဓမ္မနီတိကထာ၊ ၁၉)

myooomg303.blogspot.com

No comments:

Post a Comment