Wednesday, February 6, 2019

ယော ဆရာတော်ကြီး


   မအားတဲ့အလုပ်တွေသည်ပင် ကုသိုလ်အလုပ်တွေချည်းပါ
♣♣♣♣♣♣♣♣♣♣♣♣♣


   တရားက `အားကြပါ` လို့ မပြောဘူး။
တရားအလုပ်ဆိုတာ အားတဲ့လူတွေရဲ့ အလုပ်လို့ မဟောပါဘူး။
ယူလည်း မယူဆရဘူး။
တရားအလုပ်ဆိုတာ ချမ်းသာချင်တဲ့လူတွေရဲ့ အလုပ်ပါ။
ဒုက္ခ အပူတွေကြောက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အလုပ်ပါလို့ ယူဆမှ မှန်တယ်။
`အားကြပါ` လို့ မပြောဘူး။
တကယ်တော့ မအားတာ မဟုတ်ဘူး။
ရတဲ့အချိန်ကလေး မသုံးတတ်တာကိုပဲ မအားဘူးလို့ ပြောနေကြတာ။
အဲဒီ မအားတဲ့ အချိန်လေးထဲကပဲ မအားတဲ့ အလုပ်ထဲကပဲ
အပ္ပမာဒသတိလေးကို တပ်ဆင်ပေးလိုက်မယ်ဆိုရင်
ဒီမအားတဲ့ အလုပ်တွေပင်လျှင် တရားအလုပ်ပဲ။
နေ့စဉ် အိမ်အလုပ်တွေကို လုပ်နေရတာနဲ့ပင်
ကုသိုလ် ဘာမှ မလုပ်ဖြစ်ဘူးလို့ ညည်းစရာမလိုဘူးတဲ့။
အဲဒီ မအားတဲ့ အလုပ်တွေသည်ပင်လျှင်
အပ္ပမာဒသတိလေး တပ်ဆင်ပေးတဲ့အခါမှာ
အပ္ပမာဒသတိလေး ပါပြီဆိုရင် ဟောဒီ မအားဘဲနဲ့ လုပ်နေရတဲ့
အလုပ်သည်ပင်လျှင် ကုသိုလ်အလုပ်တွေချည်းပါ။
ဘာဝနာ အလုပ်တွေချည်းပါ။
စိုက်စိုက်မတ်မတ်၊ စိတ်ပါလက်ပါ မှတ်၍ မှတ်၍ လုပ်ပါ။
နေ့စဉ် နေ့စဉ် လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးဟာ
တရားအလုပ်ဘောင်အတွင်းသို့ ရောက်သွားပါလိမ့်မယ် ….။


တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဓန္တသိရိန္ဒာဘိဝံသ ယောဆရာတော်ကြီး
(အင်္ဂုလိမာလသုတ္တန် တရားတော်မှ)



No comments:

Post a Comment