နိုင်ငံတကာနှစ်သစ်ကူး ၂၀၁၉ ခုနှစ် နှစ်ဦးမင်္ဂလာသြဝါဒကထာ
♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
၂၀၁၉ ခုနှစ်သို့ ကူးပြောင်းရောက်ရှိရာ
နိုင်ငံတကာ
နှစ်သစ်ကူးအခါသမယသည်
လူ၊ နတ်၊
ဗြဟ္မာ၊ သတ္တဝါအားလုံးအတွက်
မင်္ဂလာရှိသော
အခါသမယဖြစ်ပါစေဟု
ဆုတောင်းမေတ္တာ
ပို့သလိုက်ပါသည်။
အထူးသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း
မှီတင်းနေထိုင်ကြကုန်သော
ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအားလုံး
ရွှင်ပြုံးဝမ်းသာ
မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးနေထိုင်ပြီးလျှင်
အခက်အခဲဟူသမျှ
ကျော်လွှားနိုင်ကြပါစေ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အရှည်ခံ့လျက်
တည်တံ့စေရန်
ခိုင်မာသောသန္နိဋ္ဌာန်
ထက်သန်သော လုံ့လ၊ ဝီရိယ၊
ညီညွတ်သော
စိတ်ထားဖြင့် အမြော်အမြင်ကြီးစွာဆောင်ရွက်နိုင်ကြပါစေဟု
မင်္ဂလာစကား
တိုက်တွန်းပြောကြားအပ်ပါသည် ….။
သက်ရှည် ကျန်းမာ
စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေ …။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
(မြန်မာတိုင်းမ်
ဂျာနယ်)
No comments:
Post a Comment