Sunday, July 16, 2017

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

     သံသရာဆွေမျိုး
---------------------------------

♦ လူသားအားလုံးဟာ ဆွေမျိုးတွေချည်းပါ။
ကျင်လည်ဖြတ်သန်းခဲ့ရတဲ့ သံသရာခရီးက
အစရှာမရလောက်အောင် ရှည်လျားလွန်းလှတာမို့
သံသရာမှာ ဆွေမျိုးမတော်ဖူးတဲ့သူရယ်လို့
တစ်ယောက်မှ မရှိပါဘူး။

♦ မြင်မြင်သမျှ လူတိုင်းဟာ
တစ်ချိန်က ကိုယ့်အဖေ၊ ကိုယ့်အမေလည်း ဖြစ်ခဲ့ဖူးသလို
ကိုယ့်သား၊ ကိုယ့်သမီးလည်း ဖြစ်ခဲ့ဖူးပါတယ်။
ကိုယ့်အကို၊ ကိုယ့်အမလည်း ဖြစ်ခဲ့ဖူးသလို
ကိုယ့်ညီ၊ ကိုယ့်ညီမလည်း ဖြစ်ခဲ့ဖူးပါတယ်။
ဒီဘဝမှာ သူစိမ်းဖြစ်နေပေမယ့်
အရင်ဘဝတွေက ဆွေမျိုးအရင်းပါ။
ဒီဘဝမှာ ကိုယ့်အပေါ် ဘယ်လောက်ပဲဆိုးဆိုး၊
အရင်ဘဝတွေက ကိုယ့်အပေါ် သိပ်ကောင်းခဲ့ပါတယ်။

♦ မြင်မြင်သမျှ လူတိုင်းကို
သံသရာ ဆွေတော်မျိုးတော်တွေ၊
ဘဝဆက် ဆွေမျိုးတွေလို့ နှလုံးသွင်းပြီး
မေတ္တာသက်ဝင် ချစ်ခင်နိုင်ခဲ့မယ်ဆိုရင်
ကိုယ်နဲ့ ထိတွေ့ဆက်ဆံရသမျှ လူအားလုံးဟာ
ကိုယ့်ရဲ့ အကျွမ်းဝင်ပုဂ္ဂိုလ်တွေ၊
အနှိုင်းမဲ့ဆွေမျိုးတွေ ဖြစ်လာမှာ သေချာပါတယ်။

ကိုယ့်ဘက်က
မေတ္တာစစ်၊ မေတ္တာမှန်
ထားရင်
သူ့ဘက်ကလည်း
မေတ္တာစစ်၊ မေတ္တာမှန်
ပြန်လာမှာပါ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အနှိုင်းမဲ့ဆွေမျိုး စာအုပ်မှ)

myooomg303.blogspot.com




No comments:

Post a Comment